Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ဟင်ဒီစကားပြော အမိုက်စားအိန္ဒိယစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။Raatchasi (2019)မှာ ဆရာမဇာတ်ရုပ်နဲ့ ဘောလိ၀ုဒ်ပရိသတ်တို့သဘောကျခဲ့ရတဲ့ မင်းသမီးကြီး ဂျိုသီကာအပြင်ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အဓိကပါဝင်ထားတဲ့ အပိုင်းခုနစ်ပိုင်းနဲ့ ဇာတ်လမ်းတွဲ။အလွှာအသီးသီးက အမျိုးသမီးတွေ။ တခုလပ်အိမ်အကူ၊ ကုမ္ပဏီပိုင်ရှင်ရဲ့ ဇနီးသည်၊ကုမ္ပဏီဝန်ထမ်းရဲ့ ဇနီးသည်၊ အိမ်ပွဲစား၊အတိတ်ကလျှို့ဝှက်ချက်တွေနဲ့ အဒေါ်ကြီးတစ်ယောက်။ဒီငါးယောက်ရဲ့ အဖြစ်အပျက်တွေ အယူအဆတွေစိတ်နေစိတ်ထားတွေကို မြင်တွေ့ကြရမှာပါ။ထမင်းဘူးပို့တဲ့ လုပ်ငန်းလေးကနေစလိုက်တာ ဘာတွေဖြစ်လာလဲဆိုတော့ ဥပဒေနဲ့မညီတဲ့မူးယစ်ဆေးကိစ္စတွေပါလာရော။မူးယစ်ဆေးဆိုပေမဲ့ မူးယစ်တိုက်ဖျက်အဖွဲ့ကနေ စုံစမ်းနေတဲ့ ဆေးဝါးကုမ္ပဏီတွေကနေတရားမဝင်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ မန်ဒဲလားခေါ် ဖန်တနိုင်းတွေ။ဒီဆေးကိုထုတ်တဲ့ကုမ္ပဏီနဲ့ အပေါ်ကအမျိုးသမီးတွေ ဆပ်စပ်နေတဲ့အခါ။သူတို့တွေမှာလည်း ဒီလုပ်ငန်းကို လုပ်ချင်တဲ့သူရှိသလို မလုပ်မဖြစ်မို့လုပ်နေရသူတွေ ရှိလာတဲ့အခါမှာတော့…။