ဒီဇာတ်လမ်းတွဲလေးကတော့ “Dakaichi: I’m Being Harassed by the Sexiest Man of the Year” ဆိုတဲ့ manga series ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီးအဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Jin နဲ့ Akin Tahra အဖြစ်နဲ့ Smart နဲ့ Boom တို့ကပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ Jin ဆိုတဲ့ တက်သစ်စမင်းသားလေးနဲ့ Most Huggable Man ဆုကို ငါးနှစ်ဆက်တိုက်ရထားတဲ့ Akin တို့ အချင်းချင်း ပြိုင်ဆိုင်ကြရာကစပါတယ်။Jin က တက်စစ်စမင်းသားဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်တဲ့ Akin နဲ့ကြားမှာ အပြိုင်အဆိုင်လေးတွေရှိလာပါတော့တယ်။ဒီလိုမျိုး အချင်းချင်း ပြိုင်ဆိုင်ကြရင်း စနောက်ကြရင်းနဲ့ အဆင့်တက်ပြီး သူတို့ရဲ့ ပက်သက်မှုတွေ ခံစားချက်တွေကလည်း နက်ရှိုင်းလာခဲ့ပါတယ်။စိန်ခေါ်မှုတွေများလွန်းတဲ့ ဖျော်ဖြေရေးလောကကြီးထဲမှာ သူတို့တွေဘယ်လိုမျိုး ရင်ဆိုင်ပြီး လက်တွဲသွားကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။