ရုပ်ဝါဒီများတဲ့’ဖီဖာ’ဆိုတဲ့ ခပ်ချောချောကောင်လေးက ဂျပန်သွားရဖို့ကိုအမြဲတမ်းစိတ်ကူးယဉ်နေခဲ့တဲ့သူပါ…ဒါပေမဲ့ ဂျပန်ကိုသွားဖို့လျှောက်ထားတဲ့ သူ့ရဲ့စကော်လာရှစ်ကမအောင်မြင်တဲ့အချိန်မှာ သူ့ကိုယ်သူသက်သေပြဖို့ဆိုပြီး‘ပို့ပါ’သဘာဝဥယျာဉ်မှာနေဖို့စေလွှတ်ခံခဲ့ရပါတယ်…’ဟမ်’ကတော့ နာကျင်စရာအတိတ်တွေနဲ့ရှင်သန်နေရတဲ့သူတစ်ယောက်ပါပြီးတော့ သူအလုပ်လုပ်နေတဲ့ဥယျာဉ်မှာပဲ တစ်ယောက်တည်းသစ်တောတွေ တိရစ္ဆာန်တွေကြားသီးခြားနေနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်…ဒီလိုလူနှစ်ယောက်ကြားမှာ ခံစားချက်တွေပေါက်ဖွားလာတဲ့အခါ…ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို မက်မောနှစ်သက်တဲ့’ဖီဖာ’ကရော တောထဲမှာနေနိုင်ပါ့မလား…အတိတ်ကဒဏ်ရာတွေကြောင့် တစ်ယောက်တည်းနေချင်တဲ့’ဟမ်’ကရော သူ့ထက်အသက်ငယ်တဲ့ကောင်လေးကို တကယ်ပဲလက်တွဲနိုင်ပါ့မလား…သဘာဝတရားတွေကြားမှာ ပေါ်ပေါက်လာတဲ့ သံယောဇဉ်ကို ချိုမြိန်မှု ကြည်နူးမှုတွေအပြင် ဒရမ်မာလေးပါရောစပ်ပေးထားလို့ရိုလာကိုစတာစီးသလို အနိမ့်အမြင့်ခံစားချက်လေးတွေနဲ့ လိုက်ပါစီးမြောလိုက်ရအောင်နော်…