Villains Everywhere  빌런의 나라 FHD

Villains Everywhere 빌런의 나라

Comedy Drama Family FHD 2025-03-19 8.3

Oh Na-ra ကတော့ အရင်က လေယာဉ်မယ်တစ်ဦးဖြစ်ခဲ့ဖူးပြီး အခုခါမှာတော့ Seo Hyun-Chul နဲ့လက်ထပ်ကာ အချိန်ပြည့် အိမ်ထောင်ရှင်မအဖြစ်နဲ့ တစ်နေကုန် အလုပ်ရှုပ်နေရတဲ့ သားတစ်ယောက်နဲ့သမီးတစ်ယောက်ရဲ့ မိခင်တစ်ဦးပါ။ သူမဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပြီးတော့ မိသားစုအပေါ်မှာလည်းဟိတ်ဆိုတာနဲ့ တန်းပါတိတ်သွားကြမဲ့အထိ အာဏာသက်ရောက်သူလည်းဖြစ်ပါတယ်။သူမရဲ့ ညီမဖြစ်သူ Oh Yu-Jin ကတော့ ဟင်းချက်သင်တန်းတစ်ခုရဲ့ ဆရာမဖြစ်သလို Song Jin-Woo နဲ့လက်ထပ်ကာ သားနှစ်ယောက်ရဲ့ မိခင်အဖြစ်နဲ့လည်း တာဝန်ယူထားသူတစ်ဦးပါ။“Villains Everywhere” ဆိုတဲ့အတိုင်း နေရာတိုင်းမှာ ဗီလိန်တွေနဲ့ ပြည့်နေပြီး ကိုယ်စီမိသားစုတွေရဲ့ပြဿနာတွေ အရှုပ်တွေကို သတ်လတ်ပိုင်း ညီမနှစ်ယောက်တို့ ဘယ်လိုဖြေရှင်းသွားကြမလဲ။ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကပဲ ဗီလိန်တွေ ဖြစ်နေကြမလားဆိုတာကို ဟာသလေးနှောကာ မိသားစုနှစ်စုရဲ့စိတ်ဝင်စားဖွယ်နေ့စဉ်ဘဝလေးတွေကို ချိုချိုချဉ်ချဉ် ရိုက်ကူးတင်ပြထားတဲ့ကားလေးဖြစ်တာကြောင့်ကြည့်ရှုကြည့်ကြပါဦးနော်။