အသက် ၂၀ အရွယ် တုန်(Tong)ဆိုတဲ့ကောင်လေးဟာ .. ဗန်ပိုင်းယားတွေ မငြင်းဆန်နိုင်လောက်အောင်ရှားပါးအစွမ်းထက်တဲ့ သွေးအမျိုးအစားကို ပိုင်ဆိုင်ထားသူပါ။သူ့ပတ်ဝန်းကျင်က လူတိုင်းကတော့ သူ့မှာ Hemophilia(မူမမှန်သွေးထွက်ခြင်း)ရောဂါရှိတယ်လို့ပြောကြပြီး သွေးထွက်နိုင်တဲ့ ဘယ်အရာကိုမဆို ရှောင်ဖို့ သတိပေးကြပါတယ်။ ဒါပေမဲ့ တုန်ဟာ အဲဒီစည်းမျဉ်းကို ချိုးဖောက်မိပြီး မိဘမဲ့ဂေဟာမှာတူတူနေခဲ့ဖူးတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း တုန်ကလာ(Tonkla)အစား ပွဲတစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ပေးဖို့ဖြစ်လာခဲ့ပါတယ်။အဲဒီမှာပဲ သူဟာ .. အမာရစ်ထရာကူး(Amarittrakul) မိသားစုရဲ့ အမွေဆက်ခံသူဖြစ်ပြီး ပွဲရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ အသက် ၂၀၀ အရွယ်ဗန်ပိုင်းယား မာ့ခ်(Mark) နဲ့ တွေ့ဆုံခဲ့ပါတော့တယ်။မာ့ခ်က တုန့်ကို တခြားဧည့်သည်တွေနဲ့ ဝေးရာကို ခေါ်ထုတ်ဖို့ ကြိုးစားပေမဲ့လည်း မတော်တဆမှုတစ်ခုကြောင့် တုန့်မှာ ထိခိုက်ရှနာတစ်ခု ဖြစ်သွားခဲ့ပါတယ်။အဲဒီလိုကနေ တုန့်ရဲ့ ရွှေရောင်သွေးရဲ့ ချိုမြိန်တဲ့အနံ့ကြောင့် အမာရစ်ထရာကူး မိသားစုရဲ့ နောက်ထပ်အမွေဆက်ခံသူဖြစ်တဲ့ အသက် ၂၅၀ အရွယ် ဗန်ပိုင်းယား နာကန်(Nakan) အပါအဝင် တခြားဗန်ပိုင်းယားတွေရဲ့ ဆာလောင်မှုကို နိုးထစေခဲ့ပြီး အရှုပ်အထွေးတွေ ဖြစ်လာခဲ့ချိန်မှာ မာ့ခ်တစ်ယောက်တုန့်ကို တခြားသူတွေရဲ့ရန်ကရော သူ့ကိုယ်သူရဲ့ရန်ကပါ ကာကွယ်ဖို့ ဘယ်လိုတွေကြိုးစားရမလဲ ..လူသားကောင်လေးတစ်ယောက်နဲ့ အသက်၂၀၀အရွယ်ရှိတဲ့ ဗန်ပိုင်းယားတို့ကြားထဲက အချစ်ဇာတ်လမ်းလေးက ဘယ်လိုရင်ဖိုစရာတွေနဲ့ ပြည့်နှက်နေပြီး လှပစွာရော အဆုံးသတ်သွားနိုင်ပါ့မလားဆိုတာကိုတော့ပရိသတ်တို့ကိုယ်တိုင်ပဲ ဒီဇာတ်လမ်းတွဲထဲမှာ ရှုစားလိုက်ကြပါတော့လို့ ညွှန်းဆိုချင်ပါတယ်ရှင့်။