Switched 宇宙を駆けるよだか FHD

Switched 宇宙を駆けるよだか

Drama Sci-Fi & Fantasy FHD 2018-08-01 7.578

အထက်တန်းကျောင်းသူ ‘အာယုမိ ကိုဟိနတ’ဟာ ရုပ်ချော သဘောကောင်း ချစ်ခင်သူများပြီး မိဘအသိုင်းအဝိုင်းကအစ သူများအားကျချင်စရာဘဝမျိုးကို ပိုင်ဆိုင်ထားသူပါ…အစစအရာရာပြည့်စုံသူတစ်ဖြစ်တဲ့ အာယုမိ မှာ ချစ်ရတဲ့ ချစ်သူ မီဇုမိုတို ခိုရှီရို ကိုလည်းရှိနေပြီးဘဝက နေပျော်ကျေနပ်စရာတွေ အပြည့်ဖြစ်နေခဲ့ပါတယ်…ဒါပေမဲ့ တစ်နေ့မှာ သူတို့အတန်းထဲက ‘ဇင်းကို အူမီနဲ’ဆိုတဲ့ ကောင်မလေးနဲ့အာယုမိတို့ ရုတ်တရက် ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပါတယ်…ခန္ဓာကိုယ် ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အာယုမိဟာ ကျောင်းနေသူငယ်ချင်း၊မိဘ၊ ချစ်သူကအစ အရာအားလုံးဆုံးရှုံးသွားခဲ့ရပါတယ်…ဒီနောက်မှာတော့ ဘဝမှာ လုံးဝမထင်မှတ်စရာ အတွေ့အကြုံတွေမယုံနိုင်စရာ အဖြစ်အပျက်တွေနဲ့ အာယုမိ ကြုံတွေ့လာခဲ့ရပါတယ်…အာယုမိ အနေနဲ့ သူ့ရဲ့မူလဘဝကို ပြန်လည်ရရှိအောင် လုပ်နိုင်ပါ့မလား…ဇင်းကိုအူမီနဲက သူမခန္ဓာကိုယ်ကို ဘာလို့လိုချင်ခဲ့ပြီး ဘယ်လိုနည်းလမ်းနဲ့ ရသွားခဲ့တာလဲ…ဇင်းကိုအူမီနဲက အာယုမိရဲ့ဘဝမှာ နေထိုင်ရင်း သူမျှော်လင့်ခဲ့သမျှအားလုံးရရှိပြီး ပျော်နေရဲ့လား…အာယုမိ ကရော သူ့မူလဘဝကို ပြန်ရဖို့ ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုလိုက်ပါဦးနော်…

အပိုင်းများ

Season - 1