My Mister 나의 아저씨 FHD

My Mister 나의 아저씨

Drama FHD 2018-03-21 8.276

ဘတ်ဒုံဟွန်းက သက်လတ်ပိုင်းအရွယ် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ရှေ့နေ ဂန်ယွန်ဟီးနဲ့ လက်ထပ်ထားတယ် လုပ်ငန်းခွင်မှာလည်း ဌာနမှူးအဖြစ်ကနေ ရာထူးဆက်မတိုးဘဲ တန့်နေခဲ့ပြီး မိသားစုမှာလည်း သူ့ကိုမှီခိုနေတဲ့ အလုပ်လက်မဲ့ အစ်ကိုတစ်ယောက်နဲ့ ညီတစ်ယောက်ကြောင့် သူ့ဘဝမှာ ပျော်ရွှင်စရာတွေ သိပ်အများကြီးမရှိခဲ့ဘူး အဲဒီအပြင် ဇနီးဖြစ်သူကလည်း သူ့အထက်လူကြီးစီးအိုလည်းဖြစ်သလို သူ့ရဲ့ဂျူနီယာလည်းဖြစ်တဲ့ ဒိုဂျွန်ယောင်းနဲ့ ဖောက်ပြန်နေခဲ့တယ် အီဂျီအန်းကတော့ အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ဖြစ်ပေမယ့် နားမကြားဖြစ်ပြီး မလှုပ်ရှားနိုင်တဲ့ အဘွားဖြစ်သူကိုစောင့်ရှောက်ရင်း အကြွေးဝိုင်းနေတဲ့ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရတယ် တစ်ရက်မှာတော့ အီဂျီအန်းက ဘတ်ဒုံဟွန်းတို့ရဲ့ကုမ္ပဏီကြီးမှာ ယာယီဝန်ထမ်းအဖြစ်အလုပ်ရခဲ့တယ် အဲဒီနောက် သိပ်မကြာခင်မှာပဲ ဌာနမှူးဘတ်ဆီကို ဝမ် သန်း ၅၀ လာဘ်ထိုးငွေရောက်လာခဲ့တယ် အဲဒီငွေတွေကို အီဂျီအန်းက ခိုးယူသွားပြီး အကြွေးဆပ်ဖို့လုပ်ခဲ့တယ်