ရေဆာ၊ ဆက်၊ ကိုရီနှင့် တီနာတို့ဟာ ရည်းစားဟောင်းကို စိတ်ဖြတ်နိုင်ဖို့ ရည်းစားဟောင်းကိုမမေ့နိုင်သူများအဖွဲ့ကို ဖွဲ့စည်းထားခဲ့ပါတယ်။သူတို့အဖွဲ့ဟာ ဖောက်ပြန်ခံရတဲ့သူနဲ့ ထားခဲ့ခံရတဲ့သူနဲ့ လှည့်စားခံရတဲ့သူနဲ့ တစ်ယောက်တစ်မျိုး မရိုးရပါဘူး။သူတို့ဟာ ရည်းစားဟောင်းကို လုံးဝမမေ့နိုင်ပဲ စားလည်းဒီစိတ် သွားလည်းဒီစိတ်ဖြစ်နေတဲ့အတွက် အိမ်ထဲအိမ်ပြင်တောင် မထွက်နိုင်တော့ပဲ နေ့စဉ်ဘဝမှာ အပြင်ကမ္ဘာနဲ့ ကင်းကွာနေကြသူပါ။ဒီတော့ သူတို့လေးယောက်သား ရည်းစားဟောင်းကို နည်းလမ်းပေါင်းစုံနဲ့ ဘယ်လိုမုအွန်ကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမဲ့ sitcom လေးပဲဖြစ်ပါတယ်။