Good Cop/Bad Cop FHD

Good Cop/Bad Cop

Comedy Drama FHD 2025-02-19 7.8

အသစ်စက်စက်ထွက်ရှိထားတဲ့ Ongoing series လေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်။Family Comedy ကိုမှ Crime solving ‌ပုံစံလေးဆိုတော့တော်တော်လေးကိုရယ်ရပြီးကြည့်ကောင်းတဲ့ Series လေးပါ။မင်းသမီးကလဲအားလုံးနဲ့မျက်နှာမစိမ်းတဲ့ Leighton Meesterပါဝင်ထားပြီးတော့ တော်တော်လေးကြည့်ကောင်းတဲ့ Series လေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ မြို့လေးသေးသေးလေးမှာ အဖေဖြစ်သူက ရဲမှူးလုပ်နေပြီးသမီးဖြစ်သူကရဲစခန်းရဲ့ တစ်ဦးတည်းသော စုံထောက်ပါ။ ဖခင်ဖြစ်သူရဲ့ကပ်စေးနဲမှုကြောင့်စခန်းမှာမှူခင်းဆေးပညာဌာနတောင်မရှိလို့ အမြဲဒုက္ခရောက်နေရတဲ့ လူဝီတစ်ယောက်ပါတနာတစ်ယောက်လောက်လိုချင်လို့ဆိုပြီး အဖေကိုဂျီကျရာမှာမောင်ဖြစ်သူကိုစုံထောက်အဖြစ်ငှားပေးလိုက်ပါတယ်။ဖြစ်ချင်တော့ မောင်ဖြစ်သူကလဲရှယ်ဒန်လိုပဲ သူမှန်တယ်ထင်ရာကိုပဲလုပ်တတ်တဲ့ငကြောင်အဖေရဲမှူးလုပ်တာ ပုံမလာလို့ဆိုပြီး သတင်းစာထဲဆောင်းပါးထည့်ရေးပြီးရဲမှူးရာထူးကနေဆင်းဖို့ပြောတဲ့ တကယ့်ကောင်။ တစ်အိမ်လုံးနဲ့ဘယ်လိုမှမတည့်တဲ့သူမောင်နှမနှစ်ယောက်ဆိုတာကလဲ အမြဲတကျက်ကျက်ရန်ဖြစ်နေကျ။ဒီလို မောင်နှမနှစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ ပါတနာလုပ်ပြီး ရဲစခန်းကအမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာဟာသလေးနဲ့ဆိုတော့ ကြည့်ရတာတော်တော်လေး Entertainment ဖြစ်ပြီး ကြည့်ကောင်းတဲ့Series လေးမို့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး