ယခု Comedy/ Mystery အမျိုးအစားစီးရီးကို BBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့ပြီးဒါရိုက်တာနှစ်ယောက်ဖြစ်ကြတဲ့ Robert McKillop နဲ့ Jill Robertson တို့က ရိုက်ကူးပေးခဲ့ကြပါတယ်။Rating နှစ်ခုလုံးက အတော်လေးမြင့်တော့ စီးရီးက မကောင်းမှာ မပူရပါဘူး။ဇာတ်လမ်းသဘောကတော့ John “Ludwig” Taylor ဆိုတဲ့ ပဟေဠိတွေဖြေရှင်းရတာအရမ်းဝါသနာပါတဲ့လူတစ်ယောက်မှာ James Taylor လို့ခေါ်တဲ့၊ စုံထောက်မှူးကြီးဖြစ်တဲ့ အမြွှာညီအစ်ကိုတစ်ယောက်ရှိပါတယ်။တစ်ရက်မှာတော့ James တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါနဲ့ James ရဲ့ မိန်းမဖြစ်သူ Lucy Betts-Taylor က John ကို ခေါ်ပြီး သူ့ယောက်ျားလိုပုံစံ အယောင်ဆောင်ခိုင်းပါတယ်။ယောက်ျားဖြစ်သူ ဘာကြောင့်ပျောက်သွားခဲ့ရလဲဆိုတာကိုအမြွှာညီအစ်ကိုဖြစ်သူ John နဲ့ James မိန်းမ Lucy က ရှာပုံတော်ဖွင့်မှာဖြစ်ပါတယ်။စိတ်ဝင်စားစရာတွေရော ရယ်စရာလေးတွေရော ပါဝင်တာမို့ အရမ်းကို ကြည့်လို့ကောင်းတယ်။Season-2 ထွက်ရှိမယ်လို့လည်း တရားဝင် ကြေငြာထားပြီးပါပြီ။