29th February FHD

29th February

Mystery Sci-Fi & Fantasy FHD 2025-02-28 8.3

မှုခင်းဇာတ်လမ်းမှကြိုက်တဲ့ ပရိသတ်ကြီးအတွက် သမားရိုးကျပုံစံနဲ့ကွဲထွက်နေတဲ့မှုခင်း-ဒရာမာ စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အာဒီဟာ ဒလီပို့သမားတစ်ယောက်ဖြစ်ပေမဲ့ သူ့အိပ်မက်ကတော့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ပါပဲ။အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် တစ်ဖက်က ဒလီလိုက်ပို့ရင်း တစ်ဖက်ကလည်းရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေသူပေါ့။တစ်နေ့တော့ ဒလီပို့ရင်း မတော်တဆမှုဖြစ်ပြီး ပြန်နိုးလာချိန်မှာတော့ သူ့ဘ၀ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတယ်။အဲဒါကတော့ မနေ့ကဖြစ်ခဲ့တာတွေ ဒီနေ့မှာလည်း ထပ်တလဲလဲထပ်ဖြစ်နေတာပါ။၀င်္ကပါတစ်ခုလို အချိန်ကျော့ကွင်းထဲရောက်သွားတဲ့သဘောပါပဲ။ဒီလိုဖြစ်နေတာ သူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ဒူဂါလို့ခေါ်တဲ့ အမျိုးသမီးရဲအင်စပက်တာတစ်ယောက်လည်း သူနဲ့အဖြစ်ချင်းအတူတူပါပဲ။သူတို့နှစ်ဦးအကြောင်းတိုက်ဆိုင်ပြီး ပြန်ပေးမှု၊ လူသေမှုတွေနဲ့ ပတ်သက်မိတဲ့အခါနှစ်ယောက်ပေါင်းပြီး အတူတူဖြေရှင်းရဖို့ ဖြစ်လာပါတယ်။ထပ်တလဲလဲဖြစ်နေတဲ့ အချိန်ကျော့ကွင်းထဲမှာ အာဒီနဲ့ဒူဂါတို့အတူ ရက်စက်တဲ့အမှုအခင်းတွေကိုဘယ်လိုတားဆီးသွားမလဲ ဘယ်လိုဖော်ထုတ်သွားမလဲ အချိန်ကျော့ကွင်းထဲကနေဘယ်လိုထွက်လာနိုင်မလဲဆိုတာ အတွေးများစွာနဲ့ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။