Ski into Love 嘘,国王在冬眠 FHD

Ski into Love 嘘,国王在冬眠

Drama FHD 2025-03-11 6

ဝေ့ကျစ်လို့ခေါ်တဲ့ ရုပ်ပြကာတွန်းစာ‌ရေးဆရာမ‌‌ လေးမလေးတစ်ယောက်ကကောလကောလတစ်ခုကြောင့် သူ့ရဲ့ကလောင်နာမည်နဲ့ မူပိုင်ခွင့်ကို ဆုံးရှုံးခဲ့ရတယ်။ဆုံးရှုံးမှု၊ ရှုံးနိမ့်ခြင်းတွေနဲ့ ကြုံတွေ့နေရင်း အမှတ်မထင် ရေခဲပြင်နှင်းလျှောစီးတဲ့ ဗီဒီယိုတစ်ပုဒ်ကိုတွေ့ခဲ့ပြီးတော့ အားကစားစိတ်ဓာတ်တွေ ပေါက်ပွားလာခဲ့တယ်။ဒီလိုနဲ့ ဝေ့ကျစ်တစ်ယောက်အသစ်ကနေပြန်စဖို့ ပေရှန်းနှင်းလျှောစီးကွင်းဆီကို သွားခဲ့ပြီး ရှန်းချုံနဲ့ တွေ့ဆုံခဲ့တယ်။ပထမဆုံးလေ့ကျင့်ခန်းတွေမှာ အမှားတွေလုပ်မိပေမယ့် ရှန့်ချုံရဲ့ ကူညီမှုတွေကြောင့် မသိလိုက်ဘဲ နစ်မြောသွားခဲ့တယ်။ရှန့်ချုံကတော့ နည်းပြဖြစ်မလာခင်မှာ ကျွင်းကျင်ရေခဲပြင်နှင်းလျှောစီးတဲ့ အားကစားသမား‌တစ်ယောက်ပေါ့။သူ့ညီမလေးရဲ့မတော်တဆ၊ သူ့ရဲ့ဒဏ်ရာနဲ့ မိသားစုပြဿနာတွေကြောင့် အနားယူဖို့ ဖိအားပေးခံရတယ်။အဲဒီလိုတွေ ကြုံခဲ့ရပေမယ့်လည်း သူ့ရဲ့အားကစားစိတ်ဓာတ်က ပျက်ပြယ်မသွားဘူး။ ဝေ့ကျစ်ရဲ့ အလျှော့မပေးဘဲအိပ်မက်နောက်ကို ကြိုးစားပမ်းစားလိုက်နေတာကို မြင်ပြီးတော့ တစ်ချိန်က သူ ဆုံးရှုံးခဲ့ရတဲ့ အောင်ပွဲကိုတဖန်ပြန်ကြိုးစားဖို့ အင်အားတွေ ရရှိခဲ့တယ်။သူတို့နှစ်ယောက် အချစ်ငှက်တွေဖြစ်သွားကြပြီး ပြဿနာတွေကို အတူရင်ဆိုင်နိုင်မလား။အောင်မြင်မှုတွေကို ကိုယ်စီဆွတ်ခူးနိုင်ပြီးတော့ အချစ်ခရီးလမ်းရော ချောမွေ့နိုင်မလားSmile Code အပြီးမှာ romantic drama နဲ့ ပြန် comeback လာတဲ့ Lin Yi က ရှန့်ချုံအဖြစ်ပါဝင်ထားသလို အားလုံးရဲ့အချစ်တော် Yu Shu Xin ( Esther Yu ) က ဝေ့ကျစ်အဖြစ် သရုပ်ဆောင်ထားပါတယ်။The First Frost နဲ့ The Best Thing ပြီးသွားလို့ ရိုရိုချိုချိုလေးတွေ မရှိတော့မှာကို မပူပါနဲ့တော့အားလုံးကို ကယ်တင်ပေးဖို့ Ski Into Love ရောက်လာပါပြီ