လျှို့ဝှက်ဆန်းကြယ်ကိုမှ ထူးထူးဆန်းဆန်းလေးနဲ့ခေါင်းစားရတာမျိုးတွေကြိုက်တဲ့သူတွေအတွက်Netflix က အသစ်ထွက်ရှိလာတဲ့ Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။တစ်ခါတစ်လေစိတ်ကူးပေါက်ရင်ပေါက်သလို ကလေးမကြည့်ရတဲ့အခန်းတွေပါပေမဲ့ ဇာတ်လမ်းကအရမ်းမိုက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက် တစ်ခါလောက်တော့အချိန်ပေးကြည့်ထားသင့်တဲ့ Series ကောင်းတွေထဲကတစ်ခုအပါအဝင်ဆိုရင်လည်း မမှားပါဘူး။နာမည်ကတော့ Medusa ဖြစ်ပြီး အပိုင်း ၁၂ ပိုင်းနဲ့ တ၀ကြီးရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ အာဏာကြီးမားပြီး အရမ်းချမ်းသာတဲ့မိသားစုပိုင်ဆေးဝါးသုတေသနကုမ္ပဏီကြီး Medusa ရဲ့CEO အသစ် ဘာဘရာ အီသာလ်ဂို (Juana Acosta)ကသူ့သင်္ဘောပေါ်မှာ မတော်တဆဖြစ်ပြီး မသေရုံတမည်ဖြစ်ခဲ့ကာအတိတ်လည်းမေ့သွားပါတော့တယ်။ဒီလိုပြဿနာတွေဖြစ်ခဲ့တဲ့အတွက် သူ့အစ်ကိုဖြစ်သူက CEOနေရာကိုတာဝန်လက်လွှဲယူခဲ့ပြီး ဘာဘရာကတော့ အိမ်မှာပဲပြန်အနားယူနေခဲ့ရပါတော့တယ်။သူကတော့ အတိတ်မေ့သွားလို့ဘာမှမသိတော့ပေမဲ့ တကယ်တမ်းဒီမတော်တဆမှုလို့ခေါ်တဲ့သင်္ဘောပေါက်ကွဲမှုက လက်တွေ့မှာတော့ မတော်တဆမဟုတ်ကြောင်းကို ဘာဘရာတစ်ယောက် တခြားသူရဲ့အကူအညီနဲ့သိခဲ့ရပါတော့တယ်။အဲ့ဒီအပြင်ကိုမှပိုထူးခြားတာက ဒီမတော်တဆမှုရဲ့နောက်ကွယ်ကတရားခံကဝေးဝေးလံလံလိုက်ရှာနေစရာမလိုဘဲ သူ့မိသားစုထဲမှာတင်ဖြစ်နေကြောင်းသိခဲ့ရတဲ့အခါမှာတော့ဘာဘရာတစ်ယောက် သူ့အတိတ်ကိုပြန်မှတ်မိဖို့ကြိုးစားရင်းနဲ့သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့တရားခံကဘယ်သူလဲဆိုတာကို ရေလိုက်ငါးလိုက်လေးနေရင်းနဲ့ အဖြေရှာဖော်ထုတ်သွားပြီး Medusaကုမ္ပဏီကြီးရဲ့အနာဂတ်လည်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုစိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။