အသစ်ထွက်ရှိလာတဲ့ တေလေဂူးစကားပြော ခပ်ကြမ်းကြမ်း ကျေးလက်အက်ရှင်ဒရာမာဇာတ်လမ်းတွဲလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ရွာလေးတစ်ရွာမှာ ညီအစ်ကိုသုံးယောက်ရှိတယ်။ ပီကီဘလိုင်ဒါထဲက ရှယ်လ်ဘီညီကိုတွေလိုပဲအကြီးဆုံးက အိမ်ထောင်ကျပြီးသား၊ အလတ်ကောင်က အိမ်မှာ ဩဇာအရှိဆုံးဖြစ်ပြီးသူ့မျက်လုံးထဲ မှန်တယ်ထင်ရင် ရဲကိုတောင် ပါးရိုက်တဲ့ ပညာတတ်လူမိုက်၊အငယ်ဆုံးက ဘွဲ့ရပေမဲ့ အိမ်မှာထိုင်စားပြီး ဝေလေလေလုပ်တဲ့ ၁၀၉၊ ၁၁၀။သူတို့တွေဟာ အစပိုင်းမှာ အေးအေးဆေးဆေးပဲနေခဲ့ကြပေမဲ့ အကြီးဆုံးကောင်က ဗွေဖောက်ပြီး အပျင်းပြေလူသဝာ်အလောင်းဖျောဂာ်တတ်တဲ့ လူမိုက်နှစ်ယောက်ရဲ့ အစ်မဖြစ်သူကို မယားငယ်ထားပြီးမလည်ရှုပ်လုပ်ရာကနေ မိသားစုနှစ်ခု အကြီးအကျယ်ကွိုင်ကြပုံကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်ကြရမှာပါ…။