လုပ်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ အပြီးအထိလုပ်တတ် စရိုက်ရှိပြီး ဥာဏ်လည်းကောင်းတဲ့သူဖြစ်တဲ့ယူဟယ်ဂျောင်း (Park Shin-Hye) ဟာ ကြင်နာတတ်ပေမဲ့ အမေဖြစ်သူဆုံးသွားပြီးနောက် အဖေဖြစ်သူနောက်အိမ်ထောင်ပြုလိုက်တာကြောင့် နှလုံးသားတံခါးကိုပိတ်လိုက်ပြီး ဆိုးသွမ်းတဲ့လူတစ်ယောက်လိုပြုမူနေထိုင်လာပါတော့တယ်။တစ်နေ့မှာတော့ ဒီလိုမျိုး ထက်မြက်တဲ့ဥာဏ်ရည်ကို အလဟဿဖြစ်အောင် ထားထားပြီး နေနေတဲ့သူမဘဝကို ပြောင်းလဲသွားစေတဲ့ ဟုန်းဂျီဟုန်းဆိုသူ ပေါ်လာခဲ့ပါတော့တယ်။ဟုန်းဂျီဟုန်း (Kim Rae-Won) ကတော့ ဥာဏ်ကောင်းပြီး ဖော်ဖော်ရွေရွေနေတတ်တဲ့အပြင်တာဝန်ယူတတ်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ဆရာဝန်အလုပ်သင်အဖြစ် လုပ်ရင်း အမှားသေးသေးလေးတစ်ခုကြောင့် ဆရာဝန်ဘဝကနေနှုတ်ထွက်လိုက်ပြီးနောက် ကျောင်းဆရာတစ်ယောက်အဖြစ် ပြောင်းလဲပြီးနေထိုင်နေသူဖြစ်ပါတယ်။ကြင်နာတတ်တဲ့ စိတ်ထားကြောင့် ကျောင်းဆရာလုပ်ရင်း ပြဿနာရှာတတ်တဲ့ကလေးတွေကိုသွန်သင်ဆုံးမပေးရင်းနဲ့ ယူဟယ်ဂျောင်းဆိုတဲ့ ပြဿနာခဲ တပည့်မလေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ဒီလိုမျိုး ဆရာတပည့်နှစ်ယောက် နှစ်ကာလတွေကြာပြီးနောက် ဂုအီဆေးရုံရဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်တွေအဖြစ်နဲ့ ပြန်လည်ဆုံတွေ့ကြပြီးနောက်မှာတော့ ….လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ဆရာအပေါ် ခံစားချက်ရှိနေတဲ့ ယူဟယ်ဂျောင်းတစ်ယောက်ဆရာဖြစ်သူနဲ့ အဆင်ပြေသွားနိုင်မလား ဆိုတာကို …တင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။