ဒီဇာတ်လေးကတော့ စီးရီးဇာတ်ကားလေး တစ်ကား ဖြစ်ပြီးတော့ဇာတ်လမ်း ဇာတ်အိမ်အနေနဲ့လည်း ကြည့်ဖို့သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး စစ်ကားကြိုက်တဲ့ သူတွေ အတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားရဲ့ အစမှာတော့ အမေရိကန်လေတပ်က ဆာဂျင်တစ်ယောက်ပျောက်သွားတဲ့ အချိန်ကနေ ဇာတ်ကားလေးက အစပျိုးထားတာဖြစ်ပြီးတော့စပိန်နိုင်ငံဘက်မှာကတော့ Suicide လုပ်သွားတဲ့ အမှုတစ်ခု ကို စုံစမ်းနေတာဖြစ်တယ်။အမေရိကန်ဘက်က အမှုနဲ့ စပိန်ဘက်က အမှုတွေစုံစမ်း စစ်ဆေးတာတွေကိုစိတ်စားဖွယ်ဖြစ်အောင်ရိုက်ကူးပုံဖော်ထားတဲ့ စီးရီးဇာတ်ကားလေးတစ်ကားဖြစ်ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတွေကိုတော့ နောက်လာမယ့်အပိုင်းတွေမှာဆက်လက်စောင့်ကြည့်ပေးကြပါ …….