ယခုစီးရီးဟာ Netflix က ယခုနှစ်တင် ထွက်လာခဲ့တဲ့ thriller/drama အမျိုးအစားစီးရီးဖြစ်ပြီးပိုလန်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကလေးနှစ်ယောက်ရှိတဲ့ အမေတစ်ယောက် လွန်ခဲ့တဲ့(၁၅)နှစ်ကဖြစ်ခဲ့တဲ့အဖြစ်ဆိုးကြီးအပေါ် စိတ်စွဲပြီး တောက်လျှောက်ကို အိပ်မက်,မက်ခဲ့ပါတယ်။အိပ်မက်သာမက်ခဲ့ပေမယ့် ၎င်းဖြစ်ရပ်ဆိုးကြီးကို ကောင်းကောင်းမမှတ်မိခဲ့ပါဘူး။တစ်ရက်ကျတော့ အမေဖြစ်သူဆီ မထင်မှတ်ထားစွာပဲ ဓာတ်ပုံတစ်ပုံရောက်ရှိလာခဲ့ပါတယ်။၎င်းဓာတ်ပုံရောက်ပြီးတဲ့အခါမှာတော့ ယောက်ျားဖြစ်သူက အိမ်ကနေထွက်သွားပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ မထင်မှတ်ထားစရာတွေ တောက်လျှောက်ဖြစ်လာခဲ့ပြီးအမေဖြစ်သူ အဓိကဇာတ်ဆောင်က ဘယ်လိုမျိုးဖြေရှင်းသွားမလဲဆိုတာကို ယခုစီးရီးမှာစိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ Season-2 ထွက်ရှိမယ့် စကားသံတွေကိုတော့ မကြားသိရသေးပါဘူး။