Shanmugam ဟာသမီးဖြစ်သူနဲ့နေထိုင်ပြီး ဘိလပ်မြေစက်ရုံကအလုပ်သမားခေါင်းဆောင်တစ်ယောက်ပါတစ်ညမှာစက်ရုံကမီးလောင်ပြီးဝန်ထမ်းတော်တော်များများထိခိုက်ခဲ့ရပါတယ်နောက်နေ့မနက်ရောက်မှ သမီးဖြစ်သူ Nilaပျောက်နေတာကိုသတိထားမိတော့မိတ်ဆွေတွေရဲ့အကူညီနဲ့ သမီးဖြစ်သူကိုရှာပြီး အစ်မဖြစ်တဲ့ Nandini ကလည်းညီမပျောက်နေတာကိုသိတော့ မြို့ကိုပြန်လာပြီးရှာပါတော့တယ်တစ်ဖက်မှာလည်းရဲအုပ် Reginaနဲ့ ဒုရဲအုပ် Sakkaraiတို့ကလည်းမီးလောင်တဲ့အမှုကိုစုံစမ်းရတော့ မီးမလောင်ခင်မနက်က စက်ရုံကိုမီးရှို့ပစ်မယ်လို့ကြိမ်းဝါးနေခဲ့တဲ့ Shanmugamကို တရားခံအထင်နဲ့ ဖမ်းပါတော့တယ်ဒုရဲမှူးSakkarai တစ်ယောက်စီစီတီဗီစစ်ကြည့်တဲ့အချိန်မှာ Nilaပျောက်ဆုံးမှုကပြန်ပေးဆွဲမှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ ဆက်စုံစမ်းရင်း နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူဖြစ်နေမလဲအမှုသေးသေးလေးကနေ ရှုပ်ထွေးပြီးမြှုပ်ကွက်ပေါင်းသောင်းခြောက်ထောင်ဖြစ်လာတော့ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကြည့်လိုက်ကြရအောင်