Mother and Mom 라이딩 인생 FHD

Mother and Mom 라이딩 인생

Comedy Drama Family FHD 2025-03-03 8.3

အီဂျောင်အွန်း(Jeon Hye Jin)ဟာ အလှအပရေးရာစက်ရုံမှာအလုပ်လုပ်နေတဲ့ Marketer တစ်ဦးဖြစ်ပြီး၇နှစ်အရွယ်သမီးလေးရဲ့ပညာရေးကိုပါ သေချာပံ့ပိုးပေးချင်နေသူပါ…ငယ်စဥ်ကတည်းက အမြဲအလုပ်များနေတဲ့အမေဖြစ်သူကြောင့် စောစောရင့်ကျက်ခဲ့ရတဲ့သူမဟာ အိမ်ထောင်ကျပြီး သမီးလေးပါမွေးပြီးတဲ့အချိန်မှာတော့အမေ့ရဲ့ပျက်ကွက်ခဲ့မှုတွေအပေါ် နားလည်လာပါတော့တယ်…ဟုမ်းရှော့ပင်းရဲ့အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ဟုံးဂျယ်မန်(Jun Suk Ho)ကတော့ အမြဲတမ်းမိန်းမကိုပဲ အားကိုးနေရတဲ့ယောက်ျားတစ်ယောက်ဖြစ်တဲ့အပြင်စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် လုပ်ငန်းခွင်မှာအမြဲရုန်းကန်နေရသော်လည်း မိသားစုနဲ့ပတ်သတ်ရင်တော့အားလုံးကိုဘေးချိတ်ပြီး အစွမ်းကုန်ကြိုးစားလေ့ရှိပါတယ်…ဂျောင်အွန်းရဲ့ အမေဖြစ်သူ ယွန်းဂျီအာ(Jo Min Soo)ကတော့ တက္ကသိုလ်ဆေးရုံတစ်ခုရဲ့ကလေးသူငယ်အနုပညာကုထုံးဆရာမဖြစ်ပြီး ဂျောင်အွန်းကို တစ်ကိုယ်တော်အမေအဖြစ်ပျိုးထောင်လာခဲ့သူပါ…မြေးလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ အဘွားယွန်းဂျီအာတစ်ယောက် သူ့မြေးလေးရဲ့အင်္ဂလိပ်စာပါမောက္ခဖြစ်တဲ့အီယောင်းအု(Jung Jin Young)နဲ့ သံယောဇဉ်တွေ ငြိတွယ်တိုးပွားလာတဲ့အခါ…သားအမိတွေကြား ဘယ်လို ကတောက်ကဆတွေဖြစ်ပြီး နားလည်မှုယူသွားကြမလဲဆိုတာကိုဟာသရိုမန့်စ်နှောပြီး ကြည့်ရှုနိုင်မယ့် မိသားစုကားလေးဖြစ်ပါတယ်…