အထက်တန်းကျောင်းသားဖြစ်တဲ့ ဝူဟျွန်း(Ji O) ဟာ သူ့အတန်းပိုင်ဆရာဖြစ်သူကို သဘောကျနေတဲ့သတစ်ယောက်ဖြစ်ပြီး .. သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုအကြောင်းကို သူငယ်ချင်းဖြစ်သူ ဘတ်ဒိုဟာ(Ha Min) သိသွားကာ သူ့ကို ကဲ့ရဲ့မှာကို ကြောက်နေသူပါ .. ။ဒါပေမဲ့လည်း အထင်နဲ့လွဲမှားစွာ ဒိုဟာဘက်ကနေ သူတို့နှစ်ယောက် အထက်တန်းပြီးသည်အထိတွဲကြည့်ဖို့ တောင်းဆိုလာတဲ့အခါ ဆရာဖြစ်သူအပေါ်ထားရှိတဲ့ စိတ်သဘောထားတွေကို ရုတ်သိမ်းဖို့ကြိုးစားနေတဲ့ ဝူဟျွန်းတစ်ယောက် ဒိုဟာရဲ့တောင်းဆိုမှုကို လက်ခံသွားမလား .. ။ဝူဟျွန်းရဲ့ အချစ်ရေးကရော ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို BL ဇာတ်လမ်းတွဲကြိုက်သူတွေရဲ့အကြိုက်ဖြစ်စေမဲ့ Heart Stain ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် ။