Running Point FHD

Running Point

Comedy FHD 2025-02-27 7.9

အားကစားကိုသဘောကျနှစ်သက်သူတွေအတွက် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရှယ်ရိုက်ကူးထားတဲ့အသစ်ထွက် Netflix Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Running Point ဖြစ်ပြီး လက်ရှိ IMDb 7.4 အထိရရှိထားတဲ့အတွက် မကောင်းမှာအချိန်ပေးရမှာ မတန်မှာတွေကတော့ စိတ်ပူနေစရာကို မလိုပါဘူး။အဓိကသရုပ်ဆောင်အနေနဲ့ ၂၀ ရာစု အစောပိုင်းကနေ အခုထက်ထိလည်း နာမည်ကြီးနေဆဲကားကောင်းတွေမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မမ Kate Hudson ဖြစ်ပြီး Ghosts တို့The Other Two တို့လို Series ကြီးတွေမှာ ဇာတ်ရန်အနေနဲ့ပါဝင်ခဲ့တဲ့ Drew Tarver တို့အပြင်တခြားသော နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကြောင်းကတော့ LA Waves လို့ခေါ်တဲ့ဘက်စကက်ဘောအသင်းကြီးကိုပိုင်တဲ့မိသားစုနဲ့ ဒီအသင်းထဲကအဖြစ်အပျက်တွေဖြစ်ပါတယ်။ ဘက်စကက်ဘော မကြိုက်တဲ့လူတွေတောင် စိတ်ဝင်စားသွားပြီး ကြည့်ချင်စေရမှာတော့အသေအချာပါပဲ။ဒီအသင်းကြီးကိုပိုင်တဲ့ လုပ်ငန်းပိုင်ရှင်သူဌေးဆုံးသွားပြီးတဲ့နောက်မှာ သားအကြီး ၂ ယောက်ကဥက္ကဌနဲ့ အထွေထွေမန်နေဂျာတို့ဖြစ်လာပြီး သားအငယ်ဆုံးကတော့ ငွေကြေးအရာရှိချုပအသီးသီးဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီထဲကမှ ဘက်စကက်ဘောကိုတကယ်ရူးသွပ်ပြီးစိတ်ဝင်စားတဲ့ သမီးလတ်ကတော့မိန်းကလေးဖြစ်နေတဲ့အတွက် အဖေဖြစ်သူလက်ထက်ကတည်းက သူ့ကိုဘယ်သူမှရှိတယ်လို့တောင်မထင်ခဲ့ကြသလို သူ့အစ်ကိုတွေလက်ထက်မှာလည်း ပရဟိတဌာနမှာပဲ ဝင်လုပ်နေရပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူ့ကံကြမ္မာပြောင်းလဲပြီး ဒီအသင်းကြီးရဲ့ ဥက္ကဌဖြစ်လာတဲ့အခါမှာတော့မိန်းကလေးတစ်ယောက်အနေနဲ့ သူတွေ့ကြုံလာရမဲ့ ဝေဖန်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီး ဒီဘက်စကက်ဘောအသင်းကြီးကို ဘယ်လိုပြုပြင်ထိန်းသိမ်းသွားမလဲဆိုတာကိုဟာသဆန်ဆန် စိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။