Ek Farzi Love Story FHD

Ek Farzi Love Story

Drama FHD 2025-01-10 8.3

ဒီနေ့ခေတ်မှာ ဆက်ဆံရေးတစ်ခုဟာ စတင်ဖို‌ရော အဆုံးသတ်ဖိုပါ လွယ်ကူလာပါတယ်။ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာတာနဲ့အမျှ ကောင်းတဲ့ဘက်က အသုံးချတတ်ရင်အကျိုးရှိပေမဲ့ အသုံးမချတတ်ရင်တော့ ‌တကယ့်အပြင်ကဘဝနဲ့အွန်လိုင်းပေါ်ကဘဝက ရောထွေးလာမှာပါ။ဒီစီးရီးလေးက ဒီနေ့ခေတ်ရဲ့ လူနေမှုဘဝကို ထင်ဟပ်နေစေတာမိုဆိုရှယ်မီဒီယာနယ်ပယ်နဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွဲ‌ပရိသတ်တိုအကြိုက်‌ဖြစ်မယ်ထင်ပါတယ်။content creation ကိုအလွန်စိတ်ဝင်စားသူ ခရီတီကာဆိုတဲ့‌ကောင်မလေး။ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ post တွေတင်ပြီး follower တွေlike တွေဟာလည်း သူ့နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းပါပဲ။သူလေးစားအားကျရတဲ့သူတွေနဲ့လည်း လိုက်လံတွေ့ဆုံပြီးအကြံ‌ဉာဏ်တောင်းလို အိမ်မက်ကို အကောင်အထည်ဖော်နေခဲ့ပါတယ်။မာနာ့ဗ်ကတော့ ရုံးတစ်ခုက စာရင်းကိုင်ကောင်လေးတစ်ယောက်။ သူ့ဘဝမှာနယ်ပယ်အသီးသီးက မိတ်ဆွေသူငယ်ချင်းပေါင်းစုံ ရှိပါတယ်။ ဂိမ်းဆော့ဖော်ဆော့ဖက်၊သောက်ဖော်သောက်ဖက်၊ လည်ပတ်စားသောက်ဖော်မိတ်ဆွေ စသဖြင့် အပိုင်းတွေခွဲပြီးသူ့ဘဝကို နေထိုင်နေပါတယ်။ အရာရာမှာ မျှခြေရှိရမယ်၊ အလုပ်လည်းလုပ် ပျော်လည်းပျော်ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။Like တွေ share တွေ comment တွေကို မသိတဲ့သူတွေဆီကမရချင်၊စိတ်ရင်းစိတ်မှန်နဲ့ပေးတဲ့အနည်းငယ်ကိုသာရလိုသူ မာနာ့ဗ်၊ လူအများရဲ့ အာရုံစိုက်ခံရမှုကိုအသည်းအသန်ကြိုးစားနေသူ ခရီတီကာ။ သူတိုနှစ်ယောက်ဟာ ပွဲတစ်ခုမှာအမှတ်မထင်ဆုံဖြစ်ပြီး သိကျွမ်းဖိုဖြစ်လာပါတယ်။ အမြင်မတူသူတွေမိုရန်ဖြစ်ငြင်းခုံရင်း ရင်းနှီးခင်မင်သွား‌လေရဲ့။ သူတိုနှစ်ယောက်ရိုက်တဲ့ ဗီဒီယိုလေးတစ်ခုကအွန်လိုင်းမှာ လူကြိုက်များသွားတဲ့အခါမှာတော့ ဘရန်းတွေက အလုပ်လုပ်ဖိုကမ်းလှမ်းလာပါတော့တယ်။ အလုပ်သဘောအရ နှစ်ယောက်သားစုံတွဲအဖြစ်ဟန်ဆောင်ဖို ဖြစ်လာတဲ့အခါမှာတော့ပေါ့ပါးရင်းနှီးပြီး ပွင့်လင်းလွန်းတဲ့ဆက်ဆံရေးရှိတဲ့သူတိုနှစ်ယောက်အဖိုခံစားချက်ရှိလာဖိုက မဖြစ်နိုင်ဘူးဆိုတဲ့အနေအထားမှာ stalker တစ်ယောက်ကသူတိုဟန်ဆောင်နေတာသိသွားပြီး ဖော်ထုတ်ဖိုလုပ်ပါတော့တယ်။လိုင်းပေါ်ကလူတွေဝေဖန်မှုကြောင့် ယုံကြည်ချက်ကင်းမဲ့လာသူခရီတီကာနဲ့ တကယ့်ဘဝနဲ့ အွန်လိုင်းကဘဝ ရှုပ်ထွေးစပြုလာတဲ့မာနာ့ဗ်တို ဝေးကွာသွားကြမလား၊ ဟန်ဆောင်ရင်းတကယ်ခံစားချက်ရှိလာမလားဆိုတာဒီစီးရီးလေးထဲမှာ ကြည့်ရှုခံစား အဖြေထုတ်ကြရအောင်ပါ။