The Potato Lab 감자연구소 FHD

The Potato Lab 감자연구소

Comedy FHD 2025-03-01 5

ဒီတစ်ခေါက်မှာတော့ မင်းသား Kang Tae-Oh စစ်မှုထမ်းပြီး  ပထမဆုံးရိုက်ကူးထားတဲ့comeback drama လေး ထွက်ရှိလို့လာပါပြီ။ဒီအချစ်ဟာသကားလေးထဲမှာတော့ ပရိသတ်အချစ်တော် မင်းသမီး Lee Sun-Bin နဲ့Kang Tae-Oh တို့အပြင် My Dearest ထဲမှ Lee Hak-Joo တို့မှအဓိကပါဝင်ထားပြီးShin Hyun-Seung ၊ Kim Ga-Eun ၊ Yoo Seung Mok စတဲ့ ပရိသတ်တို့နဲ့ မစိမ်းတဲ့သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~အာလူးတွေကို သုတေသနလုပ်တဲ့အဖွဲ့မှာ အလုပ်လုပ်နေတဲ့ လုပ်သက် ၁၂ နှစ်ရှိပြီဖြစ်တဲ့သုတေသနပညာရှင် Kim Mi Gyeong (Lee Sun-Bin) ဟာ ကြည့်လိုက်ရင်တော့အလုပ်လက်မဲ့တစ်ယောက်လို ဆိုပေမဲ့ ပါးစပ်ဟလိုက်တာနဲ့ ဇီဝဗေဒဆိုင်ရာအသုံးအနှုန်းတွေ ထွက်လာတတ်သူပါ။ဒီလို အလုပ်ရူးလေးဖြစ်ပြီး အေးချမ်းလှတဲ့ သူ့ရဲ့ဘဝလေးမှာတော့ အာလူးသုတေသနအဖွဲ့ရဲ့ဒါရိုက်တာအသစ်ဖြစ်တဲ့ So Baek-Ho ဆိုသူ ပေါ်ထွက်လာပြီးနောက် ပြောင်းလဲမှုတွေနဲ့ကြုံလာရပါတော့တယ်။အာလူးသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာအသစ်အဖြစ်ခန့်အပ်ခံထားရတဲ့ So Baek-Ho(Kang Tae-Oh) ကတော့ ရုပ်ရည်ချောမောပြီး ပြုံးပြုံးရွှင်ရွှင်နေတတ်ပေမဲ့သွေးအေးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အပေါင်းအသင်းမရှိသူပါ။ဒီလိုမျိုး အလုပ်ရူးသုတေသနပညာရှင်နဲ့ ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ဒါရိုက်တာတို့နှစ်ယောက်ကြား ကတောက်ကဆတွေ ဖြစ်လာရာကနေ ဘယ်လို အချစ်ဇာတ်လမ်းလေးပေါက်ဖွားလာမလဲဆိုတာကိုတော့ …အပတ်စဥ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ကြည့်ရှုခံစားပေးပါဦးနော်။