Allegiance FHD

Allegiance

Crime Drama Mystery FHD 2024-02-07 5.4

၂၀၂၄ မှာ Season 1 နဲ့ ၂၀၂၅ မှာ Season 2 ထပ်မံထွက်ရှိထားပြီး IMDb Rating 6.4 ရရှိထားတဲ့ကနေဒါတီဗီစီးရီး Allegiance ကတော့ ဆာဘရီနာဆိုဟယ်လ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးလေးကိုအဓိကထားရိုက်ကူးပြသွားတာဖြစ်ပါတယ်။ရဲသင်တန်းကျောင်းမှာ အမှတ်အများဆုံးနဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့ဆာဘရီနာဟာ သင်တန်းဆင်းပွဲနေ့မှာပဲဖခင်ဖြစ်တဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး အဂျိဆိုဟယ်လ်ကို မျက်စိရှေ့တင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ဖမ်းဆီးသွားတာကို ကြုံတွေ့လိုက်ရပါတယ်။ ဆာဘရီနာကတော့ သူ့အဖေမှာအပြစ်မရှိဘဲ သူတို့မိသားစုကအာရှနွယ်ဖွားဖြစ်တာကြောင့် လူမျိုးရေးခွဲခြားတဲ့နိုင်ငံရေးသမားတွေက မှားယွင်းစွပ်စွဲတာလို့ယုံကြည်နေတဲ့အတွက် ဖခင်ရဲ့အမှုကို ထဲထဲဝင်ဝင်တူးဆွကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ပုဂ္ဂိုလ်ရေးပြဿနာတွေရှိနေပေမယ့် ဆာဘရီနာဟာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့အရည်အချင်းကိုသက်သေပြဖို့ ဖခင်ရဲ့အမှုကိုသာမက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နယ်မြေတွင်းအမှုပေါင်းစုံကို လိုက်လံဖြေရှင်းဖော်ထုတ်ပေးပုံကို စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။