လူတွေက Filter ဆိုတာနဲ့ effect ထည့်လိုက်တာမျိုး ပြေးမြင်ကြမယ်ထင်ပါတယ်ဒီဇာတ်လမ်းလေးကတော့ သိပ္ပံဝတ္ထုအချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲစူးချန်ချန်ဆိုတဲ့ ကောင်မလေးက သာမာန်မိန်းကလေးတစ်ဦးဖြစ်ပြီးတော့ရုပ်ဆိုးတယ်လို့ ထင်မြင်ခံရတတ်တဲ့မိန်းကလေးတစ်ယောက်ပါသူ့ညီမလေးကတော့ မိဘတွေရဲ့ ကောင်းမွန်တဲ့အချက်တွေကိုသာ ရွေးတူခဲ့ပြီးသူကတော့ မိဘတွေရဲ့မကောင်းတဲ့ဒီအန်အေကောင်းတွေကိုပဲ ရထားသူဆိုပြီးစိတ်ဓာတ်ကျနေခဲ့ပါတယ်…တစ်နေ့မှာ သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကိုပြောင်းလဲပစ်နိုင်တဲ့ နည်းပညာ အဆင့်မြင့် ထုတ်ကုန်တစ်ခုကို သုံးခဲ့ပါတယ်…ဒီလိုနဲ့ သူက Filter သုံးပြီးသားဖြစ်သွားတာပေါ့ အစပိုင်းမှာတော့သူ့ရဲ့ အသွင်ပြောင်းမှုက အိပ်မက်တစ်ခုလို ထင်ရပေမဲ့ ထူးခြားဆန်းကျယ်တဲ့အလှည့်အပြောင်းအနေနဲ့ အရင်က သူ့ရဲ့ရုပ်ရည်ကို ဝေဖန်ခဲ့ဖူးတဲထန်ချီဆိုတဲ့လူတစ်ယောက်က သူမကို သူတို့ကုမ္ပဏီက ထုတ်ကုန်အတွက်အပျော်တမ်းမော်ဒယ်လုပ်ပေးဖို့ ပြောဆိုလာခဲ့ပါတယ် သူဟာ ရုပ်ရည်သွင်ပြင်အသစ်နဲ့အတူ ထန်ချီတို့ကုမ္ပဏီမှာ ဘဝကို ဘယ်လိုတောက်ပအောင်လုပ်မလဲဆိုတာရိုရိုချိုချိုလေးတွေ ခံစားရင်း ကြည့်ရှုလိုက်ကြရအောင်ပါ