၁၈၀၀ နှောင်းပိုင်းလောက်က အင်္ဂလန်ပြည်ကို ဇာတ်အိမ်တည်ထားပြီး. လန်ဒန်မြို့အရှေ့ဘက်ပိုင်းကို ဂျမေကာကနေ တက်လာတဲ့ ဟီဇီကယ်နဲ့ အဲလေ့စ်ဆိုတဲ့ သူငယ်ချင်း ၂ ယောက်အကြောင်းပါလန်ဒန်အရှေ့ဘက်က လူမိုက်ဂိုဏ်းတွေ အကျင့်ပျက်ခြစားရဲတွေ.. ဒုစရိုက်မှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်ပေါ့…ခြင်္သေ့ထိန်းအဖြစ်လုပ်ကိုင်ဖို့ လန်ဒန်တက်လာခဲ့တဲ့ ဟီဇီကယ်ဟာ အသားရောင်ခွဲခြားမှုကြောင့် လန်ဒန်မှာ နေရာထိုင်ခင်းအခက်ခဲဖြစ်နေတဲ့အချိန် Blue Coat Boy အရက်ဆိုင်က လုပ်တဲ့ နာမည်ကြီးဘောက်ဆင်ပွဲမှာ ဝင်ထိုးရင်း နာမည်ရလာပါတယ်…ဒါပေမဲ့ သူရင်ဆိုင်ရမှာက အရှေ့လန်ဒန်ရဲ့ ဘုရင်လို့သတ်မှတ်ထားတဲ့ ရှူးဂါးဂွတ်ဆင်နဲ့ ထရီကယ် ဂွတ်ဆင်တို့ ညီအစ်ကို နှစ်ယောက်ဖြစ်နေပါတယ်အတိုက်အခိုက်တွေ စွန့်စားခန်းတွေနဲ့ Non Stop action ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲပါပဲ