လက်ထပ်ဖို့အထိ ပြင်ဆင်ပြီးခါမှ ချစ်သူကစွန့်ပစ်တာခံရတဲ့ နာမည်ကြီးယူကျုဘာလေး ‘နတ်’ နဲ့အလုပ်ကနေ စွန့်ပစ်ခံလိုက်ရတဲ့ စကားမပြောတတ်တဲ့ကောင်လေး ‘မက်’ဘာလီဟိုင်ဆိုတဲ့ဆိပ်ကမ်းကနေ ခိုလန်မှာ အလှတရားတွေကိုရှုစားရင်း ဝမ်းနည်းမှုတွေကို ကိုယ်စီဖြေဖျောက်ဖို့ ခရီးထွက်လာရင်းမှလှေမူးနေတဲ့ ‘နတ်’ကို ‘မက်’က ကူညီပေးရာကနေ စပြီးရင်းနှီးဖို့ဖြစ်လာတဲ့ ဒီကောင်လေးနှစ်ယောက်…တစ်ညတာအတူ စကားတွေပြော အတူသောက်ရင်း ရိုးရိုးရှင်းရှင်းအဆင့်တက်မလို့ပေမဲ့သူတို့နှစ်ယောက်က ရေးစရာကုန်ကြမ်းကုန်နေတဲ့ စာရေးဆရာနှစ်ယောက်ရဲ့ မျက်စိကျစရာ ဖြစ်လာတဲ့အခါ…ရိုးရိုးရှင်းရှင်းစရမယ့် ဒီကောင်လေးနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းမှာ ဘယ်လိုအလွဲလေးတွေနဲ့ အခွီတစ်လိုင်းဖြစ်လာမလဲ…သူတို့နှစ်ယောက်ကြားမှာ မိတ်ဆွေထက်ပိုတဲ့ ခံစားချက်တွေ ဖြစ်လာမလားဆိုတာ ရှုစားလိုက်ကြပါဦးစို့…