Buried Hearts  보물섬 FHD

Buried Hearts 보물섬

Crime Drama Mystery FHD 2025-02-21 10

Seo Dong Juဟာ Daesan လုပ်ငန်းစုမှ ဥက္ကဌအတွင်းရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ…Daesan ရဲ့အကျိုးအမြတ်အတွက်သာဆို သေဆိုသေ ရှင်ဆိုရှင် သစ္စာစောင့်သိတတ်သူအဖြစ် နာမည်ကြီးပေမဲ့လည်းတစ်ဖက်မှာတော့ ပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖုံးကွယ်ရင်း အချိန်ကျတဲ့အခါ Daesanကိဝါးမျိုပစ်ဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးစောင့်ဆိုင်းနေသူလည်းဖြစ်ပါတယ်…Yeom Jang Seon (Huh Joon Ho) ကတော့ဥပဒေတက္ကသိုလ်ပါမောက္ခဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်…တောင်ကိုရီးယားရဲ့ နိုင်ငံရေးလောကမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးလူဖြစ်ပြီး လူတကာကို ရုပ်သေးရုပ်လို ခြယ်လှယ်ထိန်းချုပ်နိုင်လောက်တဲ့အထိငွေကြေးဩဇာအပြည့်နဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့လူတစ်ယောက်ဆိုလည်း မမှားပါဘူး…တစ်ရက်မှာတော့ လူတစ်ယောက်ကို သတ်လိုက်ရာကဘာမှန်းမသိလိုက်ဘဲ နိုင်ငံရေးရန်ပုံငွေထဲကနေ ဝမ် ၂ ထရီလီယံကို hack ခံရပြီး ဆုံးရှုံလိုက်ရတဲ့အခါ…အသတ်ခံရတဲ့သူနဲ့ ဒီကိစ္စတွေဟာ ဘယ်လိုပတ်သက်နေမလဲ…ငွေတွေကို Hack သွားတဲ့လူကရော ဘယ်သူဖြစ်မလဲ…Seo Dong Ju ကရော ဘယ်လိုအကြောင်းကြောင့် လက်စားချေဖို့ ကြိုးစားနေတာလဲ…အင်အားကြီးမားတဲ့လူနဲ့ ရည်မှန်းချက်ပြင်းထန်သူတို့ကြား နောက်ဆုံးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာကိုနိုင်ငံရေးလှည့်ကွက်တွေ လက်စားချေမှုတွေ အကွက်ချစီစဉ်မှုတွေ စသဖြင့် လျှို့ဝှက်နက်နဲမှုတွေနဲ့ဦးနှောက်ကို အလုပ်ပေးရင်း အတူနစ်မြောကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…