ယခုနှစ် (၂)လပိုင်းမှာ Amazon Prime Video က ဟာသစီးရီးလေး တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။LGBTQ အသားပေး ဟာသစီးရီးလေးတစ်ခုဖြစ်ပြီး rating လည်းအတော်အသင့်ကောင်းတာကြောင့် ကြည့်ရအဆင်ပြေပါတယ်။ဇာတ်လမ်းက Desiree (ဒဲစရေး) လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် Alabama ပြည်နယ်မှာရှိတဲ့သူမရဲ့ မြို့လေးကို ပြန်လာခဲ့တယ်။ (၂၃)နှစ်ကြာ ဝေးကွာနေတဲ့ သူမအဖေHarry (ဟယ်ရီ) နဲ့ တွေ့ဖို့ရောက်လာတာပေါ့။ ဒါပေမဲ့ မထင်ထားတဲ့အချက်ကDesiree တစ်ယောက်ဟာ trans woman ဖြစ်နေတာပါပဲ။သူ့အဖေဖြစ်တဲ့ ဟယ်ရီ က သူ့ကို သားလို့ပဲ တောက်လျှောက်မြင်နေတဲ့အချိန်မှာသမီးအဖြစ်နဲ့ ရောက်လာတဲ့အခါမှာ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ကြပါတယ်။နောက်ပိုင်း ဘယ်လိုမျိုး အခက်အခဲတွေနဲ့ ကြုံတွေ့ပြီး ဖြေရှင်းသွားမလဲဆိုတော့…ပြောဖို့ ကျန်ခဲ့တဲ့တစ်ခုက Desiree ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်တဲ့Laverne Cox က လက်တွေ့မှာလည်း trans woman ပါပဲ။ဒီစီးရီး season-2 ထွက်မယ့်ကိစ္စကို တရားဝင်မပြောပြထားသေးပေမယ့်အားပေးမှုနှုန်းက အတော်အသင့်ထက် ပိုရှိတာမို့ season-2ထွက်လာမှာ ကျိန်းသေသလောက်ပါပဲ။