Family Guy FHD

Family Guy

Comedy Animation FHD 1999-01-31 7.4

Family Guy ကိုတော့ မသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။အကုန်လုံးမကြည့်ဖူးကြရင်တောင်မှ Reels တွေမှာ Clips တွေမှာ မြင်ဖူးကြမှာပါ။ဒီဇာတ်လမ်းတွဲကတော့ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ဖြစ်တဲ့ Seth MacFarlane ရဲ့ ကမ္ဘာကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ Reference တွေ၊ Rac!st Jokes တွေ၊ S*xual Jokes တွေတစ်ပုံတစ်ပင်နဲ့ Random Bullsh!t Go! ပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။တော်တော်လေးရယ်ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်သလို တော်တော်လေးလည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။“မင်းက ဒါကို စော်ကားတယ်လို့မြင်တယ်ငါကတော့ ဟာသတစ်ခုလို့ပဲမြင်တယ်။”ဒီဇာတ်လမ်းတွဲကိုကြည့်မယ်ဆိုရင်တော့ အပေါ်ကလူလိုမကြည့်ပါနဲ့၊ အောက်ကလူလိုကြည့်ပါ။ဘာလို့လည်းဆိုတော့ လူဖြူလူမည်း၊ အာရှ ဥရောပ၊ Straight/Gay မခွဲခြားပဲအားလုံးကို ဟာသလုပ်ထားတာကြောင့်မလို့ပါ။တစ်ချို့သောဟာသများက ချက်ခြင်းရယ်ရမှာဖြစ်ပြီး၊ တချို့သော ဟာသတွေကတော့ တွေးကြည့်လေရယ်ရလေဖြစ်ပါတယ်။ဒါတင်မကသေးပဲ Seth MacFarlane ဟာ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးရုံ၊ ထုတ်လုပ်ရုံ၊ ဇာတ်ညွှန်းရေးရုံတင်မကပဲPeter Quagmire StewieBrian စသဖြင့် ဇာတ်ကောင်တော်တော်များများရဲ့ အသံကိုလည်း ဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲမလို့ ဘဝအမောတွေပြေအောင်ကြည့်လိုက်ကြပါ။ကျွန်တော်ပြောတဲ့အပေါ်ကလူလိုမျိုးကြည့်ရင်တော့ ဘဝအမောတွေပါစို့သွားမှာဖြစ်လို့မကြည့်ခင် ကိုယ်ဘယ်လိုလူလဲ သုံးသပ်ပြီးမှကြည့်ပါလို့ အကြံပေးပါတယ်ခင်ဗျာ။

အပိုင်းများ

Season - 1