ဝူရှသိုင်းကားတွေကိုပဲ အကြည့်များပြီး ဝူရှကို ငြီးငွေ့နေတဲ့C drama fan တိုအတွက် မော်ဒန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆရာဝန်မိသားစုတွေကမွေးဖွားလာတဲ့သူငယ်ချင်းလေးယောက်ဟာ သူတိုရဲ့ငယ်ဘဝတစ်လျှောက်လိုလေးသေးမရှိနေထိုင် ကြီးပြင်းခဲ့ရာကနေ မြီးကောင်ပေါက်အရွယ်ကိုဝင်လာကြတဲ့အခါမှာတော့ ဂယက်လေးတွေ စလာပါတော့တယ်။ရည်မှန်းထားတဲ့အိပ်မက်တွေကို မရရအောင်သွားဖို လူငယ်ဘဝဟာထင်သလောက်မလွယ်ကူကြောင်း သူတိုသိရှိလာခဲ့ကြပါတယ်။ အိပ်မက်တွေနောက်လိုက်ရင်ချစ်ခြင်းမေတ္တာရဲ့အရသာကိုရှာတွေ့မြည်းစမ်းမိရာကနေ လူငယ်သဘာဝပဋိပက္ခတွေကို ရင်ဆိုင်လာရချိန်မှာတော့…အမြဲတမ်း ပျော်ရွှင်ရယ်မောခဲ့တဲ့သူငယ်ချင်းလေးယောက်က အချစ်ရေးတွေ၊ အိပ်မက်တွေကြားသူငယ်ချင်းသံယောဇဉ်ကို ဆက်လက်ခိုင်ခံ့အောင် တောင့်ခံနိုင်သွားမှာလား?လူငယ်ဘဝကရော သူတိုကိုဘာတွေ သင်သွားပေးမှာလဲ??လေးယောက်ပေါင်းလောင်းကျော်ပြီး ဂယက်တွေထရင်း လူတိုင်းကြုံတွေ့ရတဲ့လူငယ်ဘဝဆိုတဲ့“နွေးထွေးရာအိမ်ငယ်လေး”ကပေးလာမဲ့ဂယက်အစုံကို သူတိုလေးယောက်က ကြံ့ကြံ့ခံရင်ဆိုင်ပြီးအဆုံးမှာ အရင်လိုပဲအတူတူရယ်မောပျော်ရွှင်နိုင်မှာလားဆိုတာကိုတော့ဘာသာပြန်တင်ဆက်ပေးမဲ့ Always Home (နွေးထွေးရာအိမ်ငယ်လေး) ဆိုတဲ့C drama လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်…။