Agra Affair FHD

Agra Affair

Drama FHD 2025-01-08 8.3

ပရိသတ်တွေ ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးမျောလိုရမယ့်slice of life ဆန်ဆန် ဟင်ဒီစကားပြော အချစ် ဒရာမာဇာတ်လမ်းတွဲလေးကို CM B Team ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့ ခေါင်းစဉ်ထဲက Agra ဆိုတာကတော့ မူဂါလ်အင်ပါယာရဲ့ငါးဆက်မြောက်ဘုရင် ရှားဂျာဟန်က သူ့ရဲ့ မိဖုရား မွမ်တာ့ဇ်မဟာလ်အတွက်အချစ်သင်္ကတအနေနဲ့ တည်ဆောက်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အံ့ဖွယ်တာ့ဂျ်မဟာလ် တည်ရှိရာ အဂ်ရာ မြိုလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးရဲ့ ဇာတ်လိုက်ဖြစ်သူ အာကတ်ရှ်ကတော့ ဟင်းချက်ဝါသနာပါပြီးစားသောက်ဆိုင်ဖွင့်ဖို အိပ်မက်ရှိပေမဲ့ အကောင်အထည်ဖော်ခွင့်မရဘဲ နာမည်မရှိတော့တဲ့ဘိုးဘွားပိုင်ဟိုတယ်လေးတစ်ခုကို ဝတ္တရားအရ ဦးစီးနေရတဲ့ လူငယ်တစ်ယောက်ပါ။တစ်နေ့မှာတော့ အပြိုင်အဆိုင်တွေကြားထဲမှာ မတိုးနိုင်ဖြစ်နေလို ဧည့်သည်မရဖြစ်နေတဲ့အာကတ်ရှ်ရဲ့ ဟိုတယ်လေးဆီကို တန်ဗီဆိုတဲ့ ခပ်သွက်သွက်ဧည့်လမ်းညွှန်မလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။တခြားမှာ နေရာမရတော့လို ဟိုတယ်ကိုဧည့်သည်တွေနဲ့ရောက်လာတဲ့ကောင်မလေးနဲ့ ဟိုတယ်ကိုအောင်မြင်အောင်ကြိုးစားဖို နည်းလမ်းရှာနေတဲ့ ဟိုတယ်ပိုင်ရှင် စားဖိုမှူးလေးတိုအလုပ်တွဲလုပ်ကြရင်း ဆွတ်ပျံ့ကြည်နူးဖွယ်ရာအချစ်ဇာတ်လမ်းလေးဖြစ်လာပုံနဲ့အတူအာဂရာမြိုလေးရဲ့ မှင်သက်စရာအလှအပတွေ၊ ခရီးသွားလောကရဲ့ လည်ပတ်ပုံတွေကိုဒီ web-series လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။

အပိုင်းများ

Season - 1