Love You to Death FHD

Love You to Death

Comedy Drama FHD 2025-02-05 5.5

စပိန် Romance, Comedy စီးရီး Love You To Death ကတော့Apple TV+ ကပြသနေတဲ့ဟာသစီးရီးသစ်တစ်ခုဖြစ်ပါတယ်။ခေါင်းလေးနည်းနည်းမူးလို့ ဆရာဝန်သွားပြတဲ့ရာအူးလ်တစ်ယောက်သူ့မှာနှလုံးကင်ဆာဖြစ်နေတာကိုသိလိုက်ရပြီး သုံးပတ်အတွင်းခွဲစိတ်မှုလုပ်ရင်တောင် အသက်ရှင်နိုင်ခြေက ၃၀ ရာခိုင်နှုန်းပဲရှိပါတော့တယ်ဒီလိုအခြေအနေမှာ ရည်းစားကပါပစ်သွားတာခံလိုက်ရတဲ့ရာအူးလ်ဟာအသေတတ်ဖို့အတွက်သာပြင်ဆင်နေခဲ့ရင်း စျာပနခန်းမတစ်ခုမှာကျောင်းနေဖက်သူငယ်ချင်းမာတာနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။မာတာဟာ လုပ်ငန်းခွင်မှာလူတော်တစ်ယောက်ဖြစ်ပေမယ့် ဘဝကိုပေါ့ပေါ့တန်တန်တွေးပြီး ရည်းစားတွေအများကြီးနဲ့ပျော်သလိုသာနေတတ်သူပါ။ တစ်ရက်မှာတော့ ညီမဖြစ်သူရဲ့ကလေးကြိုဆိုပွဲသွားရင်းသူ့မှာကိုယ်ဝန်ရှိနေတာကို မထင်မှတ်ဘဲသိလိုက်ရပါတယ်။သူ့စရိုက်နဲ့ကလေးတစ်ယောက်ကိုတာဝန်ယူဖို့မဖြစ်နိုင်တာကြောင့်မာတာဟာ ကလေးကိုဖျက်ချမယ်လို့ဆုံးဖြတ်ထားတုန်းမှာပဲရာအူးလ်နဲ့တွေ့ဆုံခဲ့တာပါ။ ရာအူးလ်နဲ့မာတာဟာ ခဏတာသာယာမှုအတွက် ချိန်းတွေ့ကြည့်ခဲ့ကြပေမယ့် တစ်ယောက်ဆီမှာတစ်ယောက်တစ်ဘဝစာလေးနက်မှုတွေရှာတွေ့ကြပုံကို ဟာသနှောကြည့်ရှုခံစားရမှာဖြစ်ပါတယ်။