လက်ရှိမှာ လက်ထောက်ဒါရိုက်တာအဖြစ် အလုပ်လုပ်နေတဲ့ Kim Mu Bi (Park Bo-Young) ဟာရုပ်ရှင်တွေကို သမီးဖြစ်တဲ့သူထက် ပိုချစ်မြတ်နိုးတဲ့ အဖေ့ကိုမုန်းတီးစိတ်ကြောင့်ပဲ ရုပ်ရှင်ဆိုတဲ့အရာကိုသိရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာချင်သူပါ။ဖျော်ဖြေရေးလောကထဲကို ဝင်လာပြီးနောက်ပိုင်းမှာတော့ သူ့အရည်အချင်းတွေကို ထုတ်မပြဘဲအေးဆေးနေချင်တဲ့သူဖြစ်ပေမဲ့ သူမဘဝထဲကို Go Gyeom ဆိုသူ ဝင်ရောက်လာပြီးနောက်ပြောင်းလဲမှုတွေ စတင်လာပါတော့တယ်။Go Gyeom (Choi Woo-Sik) ကတော့ ရုပ်ရှင်တွေထဲမှာ ဖြတ်လျှောက်အဖြစ် အလုပ်လုပ်ပြီးနောက်ရုပ်ရှင်ဝေဖန်ရေးသမား တစ်ယောက်ဖြစ်လာသူပါ။ရုပ်ရှင်တွေကို သဘောကျလွန်းလှတဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ရုပ်ရှင်မှန်သမျှကိုကြည့်ရဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ ရုပ်ရှင်ကိုချစ်မြတ်နိုးသူနဲ့ ရုပ်ရှင်ဆိုတဲ့အရာကို သိချင်နေတဲ့လူနှစ်ယောက် ဘယ်လိုတွေ့ဆုံကြမလဲ …တစ်ဖက်မှာတော့ Hong Shi-Joon (Lee Jun-Young) ဆိုသူဟာ နာမည်မရှိသေးတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်ပေမဲ့ သူ့ကိုယ်သူလူတော်လို့သတ်မှတ်ထားသူဖြစ်ပြီး သူ့ရည်းစားဟောင်းဖြစ်တဲ့Son Joo-A (Jeon So-Nee) ကတော့ ဇာတ်ညွှန်းစာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။သူတို့ကရော ဘယ်လိုတွေပြန်လည်တွေ့ဆုံကြမလဲ …ဒီလိုနဲ့ပဲ ချစ်လည်းချစ်ဖူးချင်ကြ အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ချင်ကြပေမဲ့လမ်းပျောက်နေကြတဲ့ လူငယ်တွေ အချင်းချင်းတွေ့ဆုံပြီး စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားသွားကြမလဲ..ဒဏ်ရာကိုယ်စီရှိကြတဲ့ လူငယ်တွေရဲ့ အိပ်မက်နဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Valentine’s Day မှာအတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။