ဌာနမှူး ဟန်ဆွန်းဂျယ် ဦးဆောင်ဖွဲ့စည်းမဲ့ “Medical Top Team” ဆိုတာကတော့ ဆေးပညာရပ်နယ်ပယ်အသီးသီးက ကျွမ်းကျင်ဆရာဝန်တွေနဲ့ သီးသန့်ဖွဲ့စည်းထားတဲ့ ဌာနတွင်း အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။လူ့ဂွစာ စရိုက်မျိုးရှိတဲ့ ဆရာဝန် ဘတ်ထယ်ရှင်း(Kwon Sang Woo)ကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်လူနာတွေကို ပထမဦးစားပေး နေရာမှာ ထားတတ်တဲ့သူမျိုးပါ။ပါမောက္ခ ဆောဂျူယောင်း (Jung Ryeo Won) ကတော့ အရည်အချင်းရှိတဲ့ ဆရာဝန်ပီပီ အလုပ်လောဘရှိပြီး ပညာမာနလေးလည်း ထားတတ်သူပါ။တစ်နေ့မှာတော့ အခြေအနေအရပ်ရပ်ကြောင့် တခြားဆေးရုံက ဆရာဝန်ဖြစ်တဲ့ ဘတ်ထယ်ရှင်းဟာပါမောက္ခ ဆောဂျူယောင်းတို့ ဆေးရုံက လူနာရဲ့ ခွဲစိတ်မှုကို ဝင်ရောက် ကူညီဖို့ ဖြစ်လာခဲ့ပါတယ်။ဒီလိုကနေ ဘတ်ထယ်ရှင်းရဲ့ အရည်အချင်းကို မျက်စိကျသွားတဲ့ ဟန်ဆွန်းဂျယ်ဟာ ပြင်ပဆရာဝန်ဖြစ်တဲ့ဘတ်ထယ်ရှင်းကို Top Team အဖွဲ့ဝင်အဖြစ် လာရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းပါတော့တယ်။လူနာတွေကို ဦးစားပေးတတ်တဲ့ ဆရာဝန်နဲ့ အရည်အချင်းကို အသိအမှတ်ပြုခံချင်တဲ့ ဆရာဝန်၊ခံယူချက် အသီးသီးနဲ့ ပန်းတိုင် အသီးသီး ရှိသူတွေ ပါဝင်လာမဲ့ ဒီ Medical Top Team ဟာလူနာတွေရဲ့ အသက်ကို ဘယ်လို ပူးပေါင်း လုပ်ဆောင်ပြီး ကယ်တင်သွားမလဲ ဆိုတာကိုကြည့်ရှူခံစားဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်။