ဒီစီးရီးလေးကတော့ Amazon Prime Video ကနေ တင်ဆက်ထားတဲ့စီးရီးဖြစ်ပြီးတော့ စီစင်၂ခုထွက်ထားပါတယ်။ဒီစီးရီးမှာဆိုရင် အိန္ဒိယလူမှုအသိုင်းအဝိုင်းရဲ့ မင်္ဂလာပွဲကိစ္စတွေနဲ့လူမှုရေးရှုပ်ထွေးမှုတွေကို မြင်တွေ့ရမဲ့ စီးရီးလေးဖြစ်ပါတယ်။တာရာနဲ့ ကာရန်တိုဟာ Made in Heavenဆိုတဲ့ မင်္ဂလာပွဲစီစဉ်ပေးတဲ့ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။သူတိုဟာ လုပ်ငန်းတည်ထောင်လာခဲ့တာ ၂နှစ်လောက်ကြာလာတဲ့အချိန်မှာတော့သူတိုဆီကို တော်ဝင်မိသားစုဆီကနေ မင်္ဂလာပွဲအပ်နှံဖို ရောက်လာခဲ့ပါတယ်။ဒီမင်္ဂလာပွဲကို အောင်မြင်အောင်လုပ်ပေးနိုင်ရင် သူတိုလုပ်ငန်းလည်းပိုမိုပြီးအောင်မြင်လာနိုင်ချေများတဲ့အတွက် ကြိုးစားပြီး လုပ်ကိုင်ခဲ့ပါတယ်။သိုပေမဲ့လည်း ဒီတော်ဝင်မိသားစုမှာက လူမှုရေးပြဿနာတွေ များလွန်းပြီးတော့မင်္ဂလာပွဲပျက်ခါနီးအခြေအနေထိ ဖြစ်လာတဲ့အခါမှာတော့ ……….တာရာနဲ့ ကာရန်တို တော်ဝင်မိသားစုရဲ့ မင်္ဂလာပွဲကို မပျက်အောင်ဖြစ်နေတဲ့ပြဿနာတွေကို ကြားဝင်ပြီး ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ….တော်ဝင်မိသားစုအတွင်းမှာဖြစ်နေတဲ့ အရှုပ်တော်ပုံကရော ဘယ်လိုတွေ ရှုပ်ထွေးနေတာလဲ ….ဘယ်လောက်ထိအောင်တောင် ရှုပ်ထွေးနေလဲ… ဆိုတာကိုကြည့်ရှုရမဲ့ လူမှုရေးပြဿနာတွေတစ်သီကြီးနဲ့ လူ့ဘဝရဲ့ ရှုပ်ထွေးပွေလီများစွာကို ကြည့်ရှုရမဲ့ စီးရီးကောင်းလေးဖြစ်ပါတယ်။