Les Belles 怎敌她千娇百媚 FHD

Les Belles 怎敌她千娇百媚

Drama FHD 2025-02-13 8.3

အချစ်ဇာတ်လမ်း ဒရာမာအသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။မိဘတွေဆုံးပါးသွားတဲ့ အိမ်ကြီးရှင်သခင်မလေးလော်လင်ယွီဟာဘဝကိုရုန်းကန်ရင်း ညီမလေးနဲ့အတူဆွေမျိုးဖြစ်တဲ့ ကျန်းရယ်ကလုမိသားစုဆီမှာခိုလှုံဖို့သွားခဲ့တယ်။ လမ်းမှာမထင်မှတ်ပဲ လုမိသားစုကတတိယသခင်လေးလုယွင်နဲ့တွေ့ပြီး အထင်လွဲကာရန်ငြှိုးဖွဲ့ခဲ့မိတယ်။ နောက်ပြန်ဆုံတွေ့ကြတဲ့အခါ လော်လင်ယွီက လုယွင်ရဲ့သဘောထားကြီးပုံနဲ့ထက်မြက်တာတွေကြောင့် သဘောကျလာခဲ့တယ်။ လုယွင်ကတော့လော်လင်ယွီကို အေးစက်တဲ့ဂုဏ်မက်မောတဲ့မိန်းကလေးလို့ အထင်လွဲနေတုန်းပါပဲ။လော်လင်ယွီရဲ့သူ့အပေါ်ကောင်းပြတာတွေကိုနှာခေါင်းရှုံ့ခဲ့တယ်။မာနကြီးတဲ့သူတို့နှစ်ယောက်ဟာ အချိန်ကြာလာတော့ သံယောဇဉ်တွေတွယ်ငြိလာပေမယ့် ဘယ်သူမှစဝန်မခံချင်ကြပါဘူး။ အဲဒီအချိန်အတောအတွင်းမှာ ကပ်ဘေးပြည်သူကိစ္စကြောင့် မင်းမျိုးမင်းနွယ်တွေနဲ့သာမန်မျိုးနွယ်တွေကြားမှာပဋိပက္ခတွေဖြစ်လာခဲ့တယ်။အားလုံးတန်းတူအခွင့်အရေးရဖို့အတွက် လုယွင်ကအရဲစွန့်ပြီးတော့ဒီကိစ္စကိုစုံစမ်းပါတယ်။ သူ့ကိုကူညီရင်း လော်လင်ယွီဟာမိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ ယောင်္ကျားတစ်ယောက်ကိုလက်ထပ်ဖို့ပဲမဟုတ်ပဲ ယောင်္ကျားတစ်ယောက်ကိုပဲအားကိုးလို့မရဘူးဆိုတာသိလာပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လာခဲ့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ကြားကအထင်လွဲတာတွေပြေပျောက်သွားပြီးတော့ပျော်ရွှင်စရာအချစ်ဇာတ်လမ်းလေးဖြစ်လာပါတော့တယ်။