ဇာတ်လမ်းအကျဉ်းလေးကတော့ သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့မိသားစုလေးတစ်ခု အိမ်အသစ်တစ်လုံးကို ပြောင်းလာတယ်။မြို့ထဲမဟုတ်တဲ့အပြင် ချောင်ကျပြီး ဈေးသက်သာလို့လာနေရသလိုဆိုပေမဲ့ ကျယ်ကျယ်ဝန်းဝန်းပါပဲ။ဒီမှာတင် အိမ်ထဲမှာ ထူးဆန်းတဲ့ တီဗီဖန်သားပြင်တွေ အနီရောင်စက်ရုပ်ကိုတီဗီခေါင်းလေးတွေ မြေအောက်ခန်းမှာ အကြီးစား ဆာဗာခန်းတွေ တွေ့ပြီးတစ်ခုခုတော့ ထူးဆန်းနေကြောင်း သိလိုက်ရပါတယ်။ညကျ Cassandra လို့ ခေါ်တဲ့ အရင်ရှေးခတ်က AI မော်ဒယ်တစ်မျိုးဟာဘာကြောင့်ရယ်မသိ နိုးထလာပြီး ဒီ မိသားစုလေးကို အဖက်ဖက်ကနေကူညီဖေးမဖို့ တောင်းဆိုပါတော့တယ်။ဒီလိုနဲ့ Cassandra ဆိုတဲ့ AI ဟာ ဒီ မိသားစုနဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊တကယ်သဘောရိုးနဲ့ ကူညီမှာလား၊ နောက်ကွယ်မှာတော့ Cassandra ဆိုတာကဘာဖြစ်နေမလဲ စသဖြင့် လျှို့ဝှက်ချက်တွေနဲ့ သည်းထိတ်ရင်ဖို ခံစားရမယ့် စီးရီးကောင်းလေး ဖြစ်ပါကြောင်း။