ဒီဇာတ်လမ်းလေးကတော့ သခင်ကြီးပရာဆစ်နဲ့ သူ့ရဲ့ဇနီးငါးယောက် အတူနေထိုင်တဲ့ စီလာခရမ်စံအိမ်အကြောင်းပဲ ဖြစ်ပါတယ်…ဇနီးတိုင်းကလည်း ကလေးကိုယ်စီရှိကြပြီးတော့ ကိုယ့်ကလေးတွေကို စံအိမ်ကို အမွေဆက်ခံစေချင်ကြပါတယ်…ဒီလိုနဲ့ စီလာခရမ်စံအိမ်မှာ လောဘမီးလျှံတဟုန်းဟုန်းတောက်လောင်လာချိန် ဆက်ခံသူကလေးတစ်ယောက် သေဆုံးသွားတဲ့အခါမှာတော့ဘာတွေ ဘယ်လိုဆက်ဖြစ်လာမလဲ…ကလေးကရော ဘယ်သူ့ကြောင့် သေသွားရတာလဲ…နောက်ဆုံးမှာရော စံအိမ်ကြီးကို ဘယ်သူအပိုင်ရသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ လောင်မြိုက်ရင်းကြည့်ရှူရမဲ့ ဇာတ်ကားလေးပါ…