ဒီဇာတ်လမ်းတွဲမှာတော့ GIRL’S DAY အဖွဲ့ဝင် Hye Ri၊ Jung Soo Bin နဲ့ IZONE အဖွဲ့ဝင်Kang Hye Won နဲ့ GOT7 အဖွဲ့ဝင် Young Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။Woo Seul Ki ( Jung Soobin ) ဟာ နယ်ဘက်က မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာကြီးပြင်းခဲ့ရသူဖြစ်ပြီး ဆိုးလ်ကို ပြောင်းသွားပြီတဲ့နောက်မှာတော့ ထိပ်တန်းကျောင်းသားတွေပဲဝင်ခွင့်ရတဲ့ ချယ်ဟွာအထက်တန်းကျောင်းကို ရောက်သွားခဲ့ပါတယ် ။အပေါင်းအသင်းမရှိတဲ့ Woo Seul Ki ဆီကို ရုပ်ချော ၊ ဉာဏ်ကောင်းပြီး မိဘနောက်ခံကလည်းတောင့်တင်းတဲ့ သူဌေးသမီးလေး Yoo Je I ( Hye-Ri ) က ချဉ်းကပ်လာခဲ့ပါတော့တယ် ။ကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းထုတ်သူဟောင်း တစ်ယောက်ဖြစ်တဲ့ Seul Ki ရဲ့ အဖေ သေဆုံးမှုနောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့ အတန်းဖော်တွေရဲ့ ရည်မှန်းချက်မြင့်မားမှုတွေထဲမှာWoo Seul Ki တစ်ယောက် ဘာတွေ ဆက်ဖြစ်မှာလဲ ။Woo Seul Ki နဲ့ Yoo Je I တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက ပြိုင်ဆိုင်မှုတွေ ၊ ပိုင်ဆိုင်လိုစိတ်ကြီးမားမှုတွေနဲ့ရောယှက်လာတဲ့အခါ ဘယ်လို ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားမလဲဆိုတာကိုတော့ အပတ်စဉ်တနင်္လာနေ့ကနေ ကြာသပတေးနေ့ ညတိုင်းမှာ CM team နဲ့ အတူ ဆက်လက်စောင့်ကြည့်ကြရအောင်နော် ။