ဒီစီးရီးလေးက ဇန်နဝါရီ ၂၀၂၄ မှာထွက်ရှိထားတဲ့ ရာဇဝတ်မှုဖြေရှင်းတဲ့ စီးရီးလေးပဲ ဖြစ်ပါတယ်။Max Mitchell အဖြစ် အဓီကဇာတ်ဆောင်မင်းသမီးချောလေး Vanessa Morgan ကသရုပ်ဆောင်ထားပြီး Cole Ellis အဖြစ် စူပါမန်းမင်းသား ဟင်နရီကာဗယ်နဲ့ဆင်တဲ့မင်းသားချော Giacomo Gianniotti ကပါဝင်သရုပ်ဆောင်ထားပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းပြီး သာမန်လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီးပါးနပ်တဲ့နည်းလမ်းတွေနဲ့ အမှုဖြေရှင်းတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါ။လက်ရှိအချိန်ထိ Season နှစ်ခုထွက်ရှိထားပြီး ပထမ Season မှာတင်Review ကောင်းတွေများစွာ ရရှိထားပါတယ်။အထူးသဖြင့် ပရိတ်သတ်တွေကသူတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီမှုကို ချီးကျူးထားကြပါတယ်။ဇာတ်လမ်းမှာတော့ မင်းသမီးမက်စ်က ရဲမဟုတ်ပေမဲ့လည်းအသေးအဖွဲကစ တစ်ခုခုမှားနေရင် တန်းရိပ်မိနိုင်စွမ်းရှိပြီးမင်းသားအက်လစ်ကတော့ ဇွဲကောင်းပြီးသမားရိုကျနည်းအတိုင်းပဲ လုပ်တတ်တဲ့ ရဲအရာရှိဖြစ်ပါ။အက်လစ်က သူအရင်ကလိုက်ခဲ့တဲ့အမှုမှာ ဂွင်ဆင်ခံရလို့ရာထူးက ချထားခံရတာကြောင့် အမှုလိုက်တဲ့ရဲအဖြစ်ကနေပင်လယ်ပိုင်ရဲအဖြစ်ပြောင်းလုပ်နေရတယ်။အဲဒီအချိန်မှာပဲ မက်စ်က အိမ်တစ်အိမ်ကိုအိမ်အကူအဖြစ်အယောင်ဆောင်ရင်း ဝင်ခိုးဖို့လုပ်နေတာပါ။ဝင်ခိုးတာ မအောင်မြင်သွားလို့ အဖမ်းခံရတဲ့အချိန်မှာပဲအက်လစ်နဲ့ ဆုံစည်းခဲ့ကြတယ်။ဖြစ်ချင်တော့ အဲဒီအချိန်က အက်လစ်တို့ဌာနမှာ မီလီယမ်ချီတန်ဖိုးရှိတဲ့ကြွေပြားစေ့အခိုးခံရတဲ့အမှုကို ဆွေးနွေးနေကြတယ်။ဝါရင့်ရဲအရာရှိကြီးတွေ အဖြေရှာဖို့ စတင်ဆွေးနွေးနေစဉ်မှာပဲဒါကို အစအဆုံးကြားလိုက်ရတဲ့ မက်စ်ကတော့ပါးနပ်သူပီပီ ဖြစ်နိုင်ခြေတွေအားလုံးကိုတွက်ဆထားပြီးပြီ ဖြစ်တယ်။ဒီအကြောင်းတွေကို အက်လစ်ကို ပြန်ပြောပြတဲ့အချိန်မှာတော့ မက်စ်ကိုဆက်ဖမ်းမထားတော့ဘဲ အမှုကို သူနဲ့ အတူဖြေရှင်းဖို့အခွင့်အရေးပေးလိုက်ပါတော့တယ်။ဒါပေမဲ့ မက်စ်က ဒီအခွင့်အရေးကို အသုံးချပြီး သူလွတ်ဖို့အတွက်ပဲ အသုံးချသွားမလား၊အမှုကိုပဲကူညီဖြေရှင်းပေးသွားမလား ဆိုတာကိုတော့ဒီစီးရီးလေးကို ကြည့်ရှုရင်းသာ အဖြေရှာလိုက်ကြရအောင်။