2019ခုနှစ်ကထွက်ရှိခဲ့တဲ့ French-Belgian စုံထောက် series တစ်ပုဒ်ဖြစ်တဲ့ Astrid et Raphaëlle ( Astrid : Murder in Paris ) ကို English အမည် “ Patience “ ဆိုပြီး remakeပြန်လုပ်ထားတာပဲဖြစ်ပါတယ်။Patience Evans ဟာ အော်တစ်ဇင် ရောဂါဝေဒနာ ခံစားနေရသူဖြစ်သော်ငြားလည်း ဉာဏ်စမ်းပဟေဠိတွေဖြေရှင်းရတာကို သဘောကျတဲ့ ကပ်သီးကပ်သပ်ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သလိုအဖေဖြစ်သူရဲ့သင်ကြားပေးမှုကြောင့်ရော ကိုယ်ကိုကိုယ်တိုင်ကလည်း ဉာဏ်ပြေးတဲ့အတွက်ကြောင့် ပြစ်မှုဗေဒ နယ်ပယ်မှာလည်း ငယ်ငယ်ကတည်းက ကျွမ်းကျင်လာခဲ့သူဖြစ်ပါတယ်။Patienecရဲ့ စွမ်းရည်တွေကို သတိထားမိသွားပြီး သဘောကျသွားတဲ့ စုံထောက် Bea MetCalf ဟာ သူမကို သူ့ရဲ့အမှုစုံစမ်းရေးအဖွဲထဲမှာ ခေါ်ယူခဲ့ပြီးနှစ်ယောက်သား ပါတနာကျကျ ထူးဆန်းတဲ့အမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို chemistry မိမိ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။IMDB’s users reviewsတွေအရတော့ original versionက အပိုင်းလေးဆယ်ကျော်ထိရှိတဲ့အတွက်ကြောင့် 6 ပိုင်းပဲ ရှိတဲ့ remake versionထက်စာရင် ပိုပြည့်စုံတယ်ပြောကြသလိုorginal ကိုမမှီပေမယ့်လည်း eng versionမှာ ပါဝင်သူ အကုန်လုံး chemistry မိမိ နဲ့ ပုံဖော်သွားနိုင်တယ်စသဖြင့် reviewပေါင်းစုံရှိသော်ငြားလည်း Patience နဲ့ Metcalfတို့ကြားက chemistry physics တို့ကိုကြည့်ရတာနဲ့တင် တန်ပါတယ်။