Kill My Sins 掌心 FHD

Kill My Sins 掌心

Drama Mystery FHD 2025-02-07 8.3

ဇာတ်ကြောင်းအကျဉ်းလေးပြောရရင်လေလွင် သမားတော်တစ်ယောက် ယဲ့ဖင်အန်း ဟာ ချန်အန်းမြို့ရဲ့ ရှုပ်ပွေလှတဲ့အမှုတစ်ခုနဲ့ ပတ်သက်မိသွားပါတယ်…သူ့ဆေးပညာက တခြားသူနဲ့ မတူဘဲ အိပ်မက်ကို ကုသတာဖြစ်လို့ ကဝေလိုလိုမိစ္ဆာလိုလို လူတွေက ကြောက်ကြသလို စိတ်ကြောင့်ဖြစ်တဲ့ ရောဂါအားလုံးလည်းယဲ့သမားတော် ယဲ့ဖင်အန်းဆီမှ လာကုသကြပြီး… ယဲ့သမားတော်ကြီးကလည်းအသပြာကို လိုသလို တောင်းတတ်ပါသေးတယ်…တစ်ဖက်မှာ နိမ့်ကျမျိုးရိုးကလာပြီး ရာထူးအာဏာကို အမိအရအသုံးချရင်းသူ့ဘဝတိုးတက်မြင့်မားနိုင်မယ့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ ချောင်းမြောင်းနေသူစစ်ဆေးရေးမှူးယွမ်ရှောက်ချန်… သူ့စိတ်ထဲမှာရော ဘယ်လိုအကြောက်တရားတွေကိုဖုံးကွယ်ထားတယ်ဆိုတာ မသိပေမယ့်…အသပြာမက်တဲ့ ယဲ့သမားတော်နဲ့ အခွင့်အရေးမက်တဲ့ ယွမ်စစ်ဆေးရေးမှူး တို့ ရေစက်က ဘယ်လိုများဆုံမှာလဲ….ယဲ့ဖင်အန်း ပတ်သက်မိသွားတဲ့ အမှုမှာ သူဟာ တကယ်ပဲ အပြစ်မရှိတာလား….ဒါမှမဟုတ် အရာရာကို နောက်ကွယ်ကနေ ကြိုးကိုင်သူဖြစ်နေမလား…အမှုအခင်းတွေကို ပုံဖော်ပြီး ရင်ခုန်စွာ စောင့်ကြည့်တတ်တဲ့ ပရိသတ်တို့အတွက်အင်မတန် စိတ်ဝင်စားစရာဇာတ်လမ်းလေးဖြစ်လာမှာမို့အခုပဲ ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်…