For Eagle Brothers 독수리 오형제를 부탁해 FHD

For Eagle Brothers 독수리 오형제를 부탁해

Comedy Family FHD 2025-02-01 8.3

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ဆယ်ရက်တည်းနဲ့ မုဆိုးမ ဖြစ်သွားရတဲ့မာဂွမ်ဆော့ရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။အသက် ၄၅ နှစ်အရွယ် အပျိုကြီးမမ ဖြစ်တဲ့ မာဂွမ်ဆော့ဟာ ရှီဝန်စာတိုက်ရုံးမှာအလုပ်လုပ်နေရာကနေ Eagle ဘီယာချက်ရုံရဲ့ သူဌေးဖြစ်သူ အိုဂျန်းဆူနဲ့ အကြောင်းပါပြီးလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။လက်ထပ်ပြီးတဲ့ ၁၀ရက်အကြာမှာပဲ ကံမကောင်း အကြောင်းမလှစွာနဲ့ အိုဂျန်းဆူက ယာဥ်တိုက်မှုနဲ့ဆုံးပါးသွားတဲ့အတွက် လတ်လတ်ဆတ်ဆတ် မုဆိုးမ ဖြစ်သွားရရှာတဲ့ မာဂွမ်ဆော့ဟာမတ် လေးယောက်ရဲ့ စားဝတ်နေရေးအတွက် Eagle ဘီယာချက်ရုံကို ဦးစီးရပါတော့တယ်။LX ဟိုတယ် ပိုင်ရှင် ဟန်ဒုံဆော့ကတော့ ရွှေဇွန်းကိုက်မွေးလာတဲ့ သူဌေးသားဖြစ်ပြီး ဘဝမှာလိုအပ်ချက်ရယ်လို့ ဘာမှမရှိဖူးတဲ့သူဆိုပေမဲ့ သူဟာ ဇနီးသည်ကို လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကဆုံးရှုံးလိုက်ရပြီး အထီးကျန်ဘဝကြီးမှာ နေထိုင်လာခဲ့ရတာပါ။မောက်မာတဲ့အပြင် သူစိတ်ထင်သလို ဆုံးဖြတ်တတ်တဲ့ ဟန်ဒုံဆော့ဟာ မာဂွမ်ဆော့နဲတွေ့ပြီးတဲ့နောက် သူ့ဘဝကြီး ဘယ်လိုပြောင်းလဲသွားမလဲ..၁၅ နှစ် ဝါရင့် မုဆိုးဖို နဲ့ ၁၀ ရက်တာ မုဆိုးမတွေ့ကြတဲ့အခါ သူတို့ ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ အတူတူ ရှုစားလိုက်ရအောင်နော်။