ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ချိန်က FBI Profiler အဖြစ် လုပ်ကိုင်ဖူးတဲ့Henderson ဆိုတာ ယခုအချိန်မှာတော့ ကာစီနိုဟိုတယ်လေးမှာလိမ်ညာတဲ့လူတွေကို ဖော်ထုတ်ရင်း အလုပ်လုပ်နေပါတယ်။တစ်ရက်ကျ အထက်က ဆရာ့ဆရာတွေ ရောက်လာပြီး သူ့ကို ဂဃနဏမရှင်းပြပဲလွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားကို ခြေရာခံဖမ်းပေးဖို့ တောင်းဆိုလာပါတယ်။ဖြစ်ချင်တော့ ဒီ လူသတ်သမားဆိုတာ Herderson ရဲ့ ပထမဆုံးအမှုတုန်းကတရားခံပါ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သေဒဏ်ပေး ကွပ်မျက်ပေးထားတဲ့လူ။အဲဒီမှာပဲ လူသတ်သမားတွေနဲ့ ပတ်သက်ပြီး CIA ရဲ့ အရှုပ်တော်ပုံကြီးကိုHenderson တစ်ယောက် တဖြည်းဖြည်းသိလာရင်း ပဟေဠိဆန်ဆန်လွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားတွေကိုပြန်ပြီး အမဲလိုက်ဖို့ ဖြစ်လာတဲ့အခါမှာတော့…။