Maestro in Blue FHD

Maestro in Blue

Crime Drama FHD 2022-10-13 6.5

အော်ရဲစတစ်လို့ အမည်ရတဲ့ ဂီတမှူး တစ်ယောက်ကတစ်နေ့မှာ ကျွန်းစုငယ်လေး တစ်ခုရဲ့ ဂီတပွဲတော်ကိုစီစဉ်အကောင်အထည်ဖော်ဖို့ ဖိတ်ကြားချက်နဲ့ ရောက်လာခဲ့ပါတယ်။ လမ်းညွှန်မေးရင်းနဲ့ ကလဲလျာလို့ခေါ်တဲ့ငယ်ရွယ်ချောမောတဲ့ ကောင်မလေးနဲ့ သူစပြီး ဆုံခဲ့မိပါတယ်။ကျွန်းပေါ်က မြို့ငယ်လေးကို ရောက်ပြီးတဲ့အခါ ဂီတပွဲတော်အတွက် အလုပ်လုပ်ရင်း ဒီမြို့ငယ်လေးရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်း နားလည်အသားကျလာခဲ့ပါတယ်။စန္ဒယားတီးခတ်ရာမှာ ထူးချွန်တဲ့ ကလဲလျာကို စိတ်ဝင်စားပေမယ့် အသက်အရွယ် ကွာတဲ့အတွက်ကြောင့်တတ်နိုင်သမျှ ရှောင်ရင်းနဲ့ပဲ ငြိစွန်းသွားမိတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ။မြို့ငယ်လေးရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံဖို့ကြိုးစားနေတဲ့ ကလဲလျာရဲ့ ဖခင်ဖြစ်သူ ဖန်းနစ်ဟာအများအမြင်မှာတော့ ဂုဏ်သရေရှိရှိ မိသားစုကိုအင်မတန် တန်ဖိုးထားပြီး ဂီတကို ရူးသွပ်သူတစ်ဦးပါ။သူ့အနေနဲ့ မိသားစုရေး စီးပွားရေး အပြင် နိုင်ငံရေးမှာဝင်ဖို့ လုပ်ဆောင်နေရင်း မိသားစုနဲ့ အတိုက်အခံဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်မလဲ။လူတွေမမြင်နိုင်တဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ဖရိုဖရဲဖြစ်နေတဲ့ အပေါ်ယံ ရွှေမှုန်ကြဲ အိမ်တွင်းရေးတွေ၊သားသမီးကို ထားရာနေ စေရာသွား ချုပ်ကိုင်ဖို့ ကြိုးစားကြတဲ့ မိဘတချို့ရဲ့ အတ္တတွေ၊ ဆယ်ကျော်သက်အရွယ်လူငယ်တွေရဲ့ မိဘနဲ့ သဟဇာတ မဖြစ်မှုတွေ သူတို့ရဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတချို့…. စသဖြင့်မတူညီတဲ့ မျိုးဆက်တွေရဲ့ ခံစားချက်မျိုးစုံကို ဇာတ်အိမ်အချိတ်အဆက်မိမိနဲ့ လိုက်ပါစီးမျော ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။