The White Olive Tree 白色橄榄树 FHD

The White Olive Tree 白色橄榄树

Drama FHD 2025-02-01 5

ဇာတ်ဆောင်အနေနဲ့ 2023 Hit drama Hidden love ထဲကမင်းသားချောလေး Chen Zhe Yuan က လီကျန့်အဖြစ်၊မင်းသမီးချောလေး Liang Jie က စုန့်ရန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်ပဋိကက္ခတွေဖြစ်နေတဲ့ အရှေ့တိုင်းပြည်မှာ အင်တာဗျူးဖို့ မစ်ရှင်တစ်ခုနဲ့ သွားခဲ့ရတဲ့သတင်းထောက်မလေး စုန့်ရန်ဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ကံကောင်းထောက်မစွာနဲ့ပဲ အရှေ့တိုင်းပြည်မှာ စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဖောက်ခွဲရေးအင်ဂျင်နီယာလီကျန့်က သူမကို ကယ်တင်နိုင်ခဲ့ပါတယ်၊လီကျန့်ရဲ့နူးညံ့မှုနဲ့ အပြစ်ကင်းမှုက စုန့်ရန်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်၊စုန့်ရန်ကို သိကျွမ်းတာ ကြာလာတာအမျှ သူမဟာ အပြင်ပိုင်းမှာအားနည်းတဲ့ပုံပေါက်ပေမယ့် ရဲရင့်သန်မာပြီး ကြင်နာမှုအပြည့်ရှိတဲ့နှလုံးသားနဲ့တရားမျှတမှုကို မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ကြောင်း လီကျန့်နားလည်လာခဲ့ပါတယ်၊ဒီလိုနဲ့ စိတ်တူကိုယ်တူရှိတဲ့ သူတို့ကြားမှာ ချစ်ခြင်းမေတ္တာမီးတောက်လေး ပေါက်ဖွားလာခဲ့ပါတယ်၊ဒါပေမယ့် ဗုံးကြဲတိုက်ခိုက်မှုတစ်ခုကြောင့် အဲဒီပေါက်ဖွားနေဆဲ ခံစားချက်ဟာ ရပ်တန့်သွားခဲ့ပါတယ်၊တရုတ်ကိုပြန်ရောက်တဲ့အချိန်မှာ သူတို့ဘဝမှာ အဆင်မပြေမှုတွေနဲ့ နေခဲ့ရပြီးနှစ်ယောက်ကြားမှာ အဆက်အသွယ်ပါ ပြတ်သွားခဲ့ပါတယ်၊လီကျန့်ဟာ ဗုံးခွဲတိုက်ခိုက်မှုမှာ သူ့အသက်ကို ကယ်တင်ခဲ့တဲ့သူရဲ့သူငယ်ချင်း သေဆုံးမှုအတွက် သူ့ကိုယ်သူ အပြစ်တင်ရင်း၊စုန့်ရန်ဟာလည်း ဗုံးခွဲတိုက်ခိုက်မှုအတွင်း သူရိုက်ခဲ့တဲ့ဓာတ်ပုံကြောင့်အငြင်းပွားစရာတွေ ဖြစ်ခဲ့တာကြောင့် သူတို့နှစ်ယောက်စလုံးဟာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခံစားနေခဲ့ကြရပါတယ်၊ဒီလိုခံစားချက်တွေနဲ့ သူတို့နှစ်ယောက် ဘယ်လိုပြန်ဆုံစည်းပြီးတစ်ယောက်နဲ့တစ်ယောက် ဖေးမရင်း ပုံမှန်ဘဝလေးဘယ်လိုပြန်ရရှိသွားကြမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။