ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှူနိုင်ဖို့အတွက် Netflix ကနေရိုက်ကူးထားပြီး တောင်ကိုရီးယားရဲ့ ဝါရင့်ထိပ်တန်းလူရွှင်တော်ကြီး Lee Kyung-kyuဦးဆောင်ပါဝင်ထားတဲ့ Comedy Revenge ဆိုတဲ့ ဟာသစွမ်းရည်ပြိုင်ပွဲ reality show တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒီဟာသစွမ်းရည်ပြိုင်ပွဲမှာဆိုရင်တော့ ဟာသပညာမှာပါရမီရှိတဲ့ လူရွှင်တော် ၁၈ ယောက်တို့ကပရိတ်သတ်ကြီးတွေ ရယ်မောအောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြိတ်အနယ် ပြတ်လုံးထုတ်ပြီးယှဉ်ပြိုင်ကြပုံတွေကို ကြည့်ရှုရမှာပါ။နောက်ဆုံးမှာတော့ အဲဒီလိုအရည်အချင်းရှိတဲ့ လူရွှင်တော် ၁၈ ယောက်ထဲက ဘယ်သူတွေရဲ့အဖွဲ့က ဆရာကြီး Lee Kyung-kyu ကို ရယ်မောအောင်လုပ်နိုင်ပြီး Comedy Revenge Show ရဲ့အနိုင်ရရှိသူဖြစ်လာမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ဒီဟာသစွမ်းရည်ပြိုင်ပွဲလေးမှာကြည့်ရှုလိုက်ကြပါလို့ ညွှန်းဆိုလိုက်ပါရစေနော်။