ဒီတစ်ခေါက် ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ် ဇွန်၊ဇူလိုင်လမှာ ဖြစ်ပျက်ခဲ့ပြီး တစ်ကမ္ဘာလုံးထိတ်လန့်သွားခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်အဖြစ်အပျက်တစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ် ဒီဖြစ်ရပ်မှာတော့ မူဘာ(တောဝက်)အသင်းရဲ့ နည်းပြဖြစ်သူ အိတ်နဲ့ ကျောင်းသား ၁၂ယောက်တို့က ချင်းရိုင်ဘက်က ထမ့်လုန်ဂူကို အလည်သွားရင်း မိုးသည်းထန်လာပြီး ဂူထဲမှာ ပိတ်မိသွားခဲ့ပါတယ် ပိတ်မိနေခဲ့တဲ့ ၁၃ယောက်ကို နိုင်ငံပေါင်း၁၇နိုင်ငံက ကယ်ဆယ်ရေးသမားတွေ ပူးပေါင်းကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ် ဒီဖြစ်ရပ်ကြီးကို နိုင်ငံပေါင်းစုံက documentary တွေ movie တွေအဖြစ်နဲ့တင်ဆက်ခဲ့ပြီး ဒီဇာတ်လမ်းတွဲမှာတော့