ဂျီရာဝပ်တဲ့ဆိုတာ သိပ်ကိုတောက်ပနေတဲ့ တစ်နည်းပြောရရင် စန်းထနေတဲ့ အနုပညာကြယ်ပွင့် မော်ဒယ်၊ မင်းသမီးတစ်လက်ပေါ့…ရိုက်လိုက်တဲ့ဇာတ်ကားတွေကလည်း ကြည့်ရှုနှုန်းတွေတဟုန်ထိုးတက်၊ လူတကာကလည်းချစ်ကြတဲ့မင်းသမီးဆိုတော့မနာလိုသူတွေ အတိုက်အခံတွေလည်းအတော်များတဲ့သူပေါ့…ဒါပေမဲ့ ဂျီရာဝပ်ရဲ့ မီဒီယာနောက်ကွယ်ကဘဝကတော့လူတွေထင်သလို သာယာဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး…အမေဖြစ်သူက သူဌေးကြီးဆစ်ထာရဲ့ မယားငယ်ဖြစ်ပြီးတော့တဏှာကြီးတဲ့သူဌေးကြီးကလည်း လှလွန်းတဲ့ဂျီကိုပဲ အမြဲကျားချောင်းချောင်းနေတာဖြစ်လို့ပါ…အမေဖြစ်သူကလည်း ဂျီ့ကိုသူ့ရဲ့တက်လမ်းက ခုတုံးတစ်ခုလိုပဲမြင်တဲ့အတွက် ဖန်သားပြင်ပေါ်က လူတကာချစ်တဲ့မင်းသမီးဂျီဟာ တကယ့်လက်တွေ့မှာမေတ္တာငတ်နေသူဆိုလည်းမမှားပါဘူး။…တစ်ရက်မှာတော့ ဂျီကိုဘယ်လိုနေနေ အပိုင်လိုချင်တဲ့ဆစ်ထာတစ်ယောက်ဟာdate rape drug နဲ့ ဆေးခတ်ပြီးတော့ သိမ်းပိုက်ဖို့ကြံစည်တော့တယ်…ဂျီတစ်ယောက်လည်း အသိစိတ်ဝင်တစ်ချက် မဝင်တစ်ချက်နဲ့ကားမောင်းထွက်ပြေးရင်း ရှေ့နေလေးဆစ်ထာရဲ့ ဇနီးလောင်းဖြစ်တဲ့ တီ့ကို တိုက်မိသွားတဲ့အခါ….လက်ထပ်ခါနီးမှ ဇနီးလောင်းကို ဆုံးရှုံးလိုက်ရတဲ့ဆာထစ်တစ်ယောက် တီ့ကိုတိုက်သွားတဲ့ကားက ဂျီရာဝပ်ရဲ့ကားဖြစ်နေပြီးကားတိုက်မှုမဖြစ်ခင်က တီနဲ့ဖုန်းပြောနေတုန်း ဂျီရာဝပ်ရဲ့အသံကိုကြားထားတဲ့အတွက် ဂျီရာဝပ်ကို လက်စားချေဖို့ မျိုးစုံကြိုးပမ်းတဲ့အခါမှာတော့….ရန်ငြိုးမုန်တိုင်းတွေနဲ့ အမုန်းလှိုင်းတွေထန်နေတဲ့ သူတို့နှစ်ယောက်ရဲ့ချစ်ပင်လယ်မှာရောအချစ်လေပြည်နဲ့အေးနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။